Chapter - 5

19.2K 2.6K 130
                                    

Zawgyi

အခုဆိုရင် ဝမ်ဖေးရန်ဟာ မြေပြင်ပေါ်မှာ ငုတ်တုတ်လေးထိုင်နေပြီး မျက်နှာဖုံးအောက်ကနေ မျက်ရည်များ ဘူးသီးလောက်ကျနေကာ သူရှေ့တွေ ပက်လက်လန် သေနေတဲ့ပင့်ကူကိုကြည့်ကာ ငိုမိလိုက်ပြန်တယ်၊

[System : Hostရေ သိက္ခာလေးဘာလေး ထိန်းဟ..နင့်အစားငါရှက်လာပြီ]

'ငိုမှာပဲ ကြည့် ငါ့လက်ဝါးလောက်ရှိတဲ့ ပင့်ကူကြီးက ငါ့အပေါ်မှာ အကြာကြီးနေခဲ့တာကွ... ငါဆိုတဲ့ ဝမ်ဖေးရန်က သေမှာထက် ပင့်ကူနဲ့ထိမှာ ပိုကြောက်တယ်......' သူရှေ့ရှိ သေနေတဲ့ပင့်ကူဟာ သူပေါ်ဖြတ်ခဲ့တာကို သတိရသွားပြန်ပြီး ဆက်ငိုနေပြန်တော့သည်၊

Systemရော၊မင်လော့ရော ချော့ရမလား၊ဘာလုပ်ရမလားမသိဖြစ်နေကျတော့သည်၊ မင်လော့မှာ ပင့်ကူသေကို ကြည့်လိုက် ငိုလိုက်ဖြစ်နေတဲ့လူငယ်လေးကို ကြည့်ပြီး ရယ်ချင်နေပေမယ့် သူရယ်လိုက်မှ ခုနကလို အားပြဲကြီးနဲ့ ထငိုနေမှာလည်း ကြောက်ရသေးသည်၊

နောက်ဆုံး မနေနိုင်တော့တာကြောင့် သေနေတဲ့ပင့်ကူကို မီးလောင်တိုက်သွင်းလိုက်မှ အကိုတော်က ထလာပြီး အငိုတိတ်သွားတော့သည်၊ ပြီးတော့ သူမဟုတ်သလိုနဲ့ မင်လော့ အင်္ကျီကော်လံကို ဆွဲချကာ ခြိမ်းခြောက်နေသည့်လေသံဖြင့်

"မင်း ဒီအကြောင်းကို အခြားသူတွေ ပြောရဲပြောကြည့်!...ငါ....ငါ..."

"ငါ မင်းကို မက်မွန်အရက်မတိုက်ပဲ နေပစ်မှာ" လို့ ပြောကာ ပြေးထွက်သွားတော့သည်၊ မင်လော့တစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားပြီးနောက် ခေါင်းကိုဖြေးညင်းစွာခါလိုက်ပြီး ပြုံးမိသွားသည်၊

"တကယ် ဘယ်လိုလေးလဲကွာ" သူဘဝမှာ ရှောင်ဝေ့ရန်လို လူမျိုး ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်၊သူလို အင်ပါယာရဲ့မင်းသားတစ်ယာက်ကို မက်မွန်အရက်နဲ့ နူတ်ပိတ်တဲ့ထိုကောင်လေးဟာ တကယ်ချစ်ဖို့ကောင်းလွန်းသည်၊ဟုတ်ပြီလေ ကိုယ်လည်း မင်းရဲ့မက်မွန်အရက်ကို မျှော်နေလိုက်ပါမယ်

---------------------

[System: တကယ် အရှက်မရှိဘူး...တကယ်အရှက်မရှိဘူး နင့်အစား ငါ့မျက်နှာငါတောင် လှီးဖြတ်ချင်လာပြီ]

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now