Chapter - 58

7.8K 1.3K 56
                                    

Zawgyi

ဝမ်ဖေးရန် စိတ်မကောင်းဖြစ်သွားသည်ကို မင်ထျန်းလော့နဲ့ရှလုန်ရွိန်မြင်တော့ သူရဲ့မျက်နှာတွေဟာ တင်းမာသွားကာ ဝမ်ဖေးရန်ကို သူတို့အနောက်ပို့လိုက်ပြီး မြို့တော်ဝန်လောင်နားမှာ ရပ်နေသည့်ကျိုးလင်းအာကို စူးစိုက်ကြည့်ရင်း မင်ထျန်းလော့ဟာ စိတ်ကိုဖြေလျော့လိုက်ပြီး ခုနကလိုပဲ ကြည့်ကောင်းသည့်အပြုံးတစ်ပွင့် မျက်နှာထက်တင်ဆောင်ထားပြီး

"မင်းက ငါတို့ကို ဘယ်လိုလုပ်ချင်စေလို့လဲ" လို့ မေးလိုက်တော့ သူရဲ့အင်္ကျီနောက်ကျောဟာ တင်းခနဲဖြစ်သွားတာကြောင့် သူရဲ့အပြုံးဟာ ပိုပီသသွားပြီး အနီးနားရှိ အိုမီဂါအမျိုးသားလေးတွေနဲ့မိန်းမပျိုလေးတွေကို စွဲမက်စေသွားနိုင်သည်၊ဒါပေမယ့် သူတို့ဟာ မင်ထျန်းလော့ ဘာကြောင့် ပြုံးနေမှန်း မသိကြပေ၊

မင်ထျန်းလော့ကတော့ သူရဲ့လက်တစ်ဖက်ကို နောက်ပစ်လိုက်ကာ သူရဲ့အင်္ကျီကိုတင်းကြပ်စွာကိုင်ထားသည့် လက်လေးကို အပေါ်ကနေပြန်လည်ဆုပ်ကိုင်ရင်း ဝါဂွမ်းလေးလိုနူးညံသည့်လက်ဖမိုးလေးကို နှစ်သိမ့်ဟန်ဖြင့် ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်၊ထိုနောက် သူဟာ ခုနက ခေတ္တပေါ်လာသည့်ကြင်နာနူးညံ့သည့်အမူအရာဟာ ကျိုးလင်းအာတို့ဘက် ကြည့်လာသည့်ချိန်မှာ အရင်လို အေးတိအေးစက် မျက်ဝန်းများနဲ့ အပေါ်ယံအပြုံးပြုံးသွားတော့သည်၊

ရှလုန်ရွိန်ကတော့ အစတည်းက တစ်လမ်းသွားအယ်လ်ဖာကြီးဖြစ်တာကြောင့် သူဟာ မင်ထျန်းလော့လို ဝံပုလွေမဟုတ်ပေ။ သူမကြိုက်ရင် မကြိုက်ကြောင်း၊သူကြိုက်ရင် ကြိုက်ကြောင်း ဖော်ပြတတ်သည့်လူမျိုးဖြစ်တာကြောင့် သူချစ်ရသည့်ဝမ်ဖေးရန်ကို နာကျင်သည့်စကားလုံးနဲ့တိုက်ခိုက်သည့် ကျိုးလင်းအာကို အသူရကယ်ချောက်ကမ်းပါးက နတ်ဆိုးတစ်ပါးရဲ့မျက်ဝန်းများလို စိုက်ကြည့်နေတော့သည်၊သူကတော့ စကားတစ်ခွန်းမှမပြောဘဲ အမူအရာနဲသာ ဖော်ပြရင်း သူရဲ့သိုင်းအရှိန်အဝါနဲ့ပင် မြို့တော်ဝန်လောင်ကို ဂရုမစိုက်စွာ ကျိုးလင်းအာကို ဖိအားပေးနေတော့သည်၊

အဆိုးဆုံးဟာ ငယ်စဉ်တည်းက ယောင်ရှစ်မျိုးနွယ်ဝင်ရဲ့မင်းသား​လေးဖြစ်သည့်ရှလုန်ရွိန်ဟာ ပါးစပ်နဲ့မပြောပဲ အရှိန်အဝါနဲ့သာ တိုက်ခိုက်သည့်လေ့ကျင့်မှုကို ခံထားရသူဖြစ်တာကြောင့် သူရဲ့သိုင်းအရှိန်အဝါများဟာ ကျိုးလင်းအာတစ်ဦးတည်းကိုသာ ဦးတည်တိုက်ခိုက်လာသည့်ချိန်မှာ ချီအဆင့်သာရှိသေးသည့်ကျိုးလင်းအာဟာ ရှလုန်ရွိန်ရဲ့တိုက်ခိုက်မှုကို မခံနိုင်စွာ မြေပြင်ပေါ် ဒူးထောက်ကာ သွေးတစ်ချက် အန်သွားတော့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now