Chapter -24

13.4K 2K 58
                                    

Zawgyi

သူ့ညီ ရောက်မလာခင်မှာ ဝမ်ဖေးရန်ဟာ ယွီ့ချင်ကုန်းနယ်မြေကနေ ပြန်ထွက်လာတော့သည်၊ ရှောင်မုဟာ သူရဲ့ကုတင်ပေါ်မှာ အခုထိမနိုးသေးချေ၊

'မေ့ဆေးက တော်တော်ပြင်းတာပဲ...'

အပြင်မှာလည်း မိုးလင်းနေပြီဖြစ်နေပြီး အစေခံတစ်ချို့ရဲ့ဖြတ်သွားဖြတ်လာနေတဲ့ခြေသံတွေကိုပင် ကြားနေရသေးသည်၊ကြည့်ရတာ ယွီ့ချင်ကုန်းမှာ တစ်ရက်ဆိုရင် အပြင်လောကမှာ ငါးနားရီနဲ့တူတယ်၊ချင်ယွီနယ်မြေမှာ ဝမ်ဖေးရန်တစ်ရက်ခွဲနေခဲ့တာကိုး၊ ထိုချိန်မှာ တံခါးရှေ့မှာ ခြေသံကြားရပြီး အနည်းငယ်ကြာတော့ ညင်သာတိကျတဲ့တံခါးခေါက်သံထွက်ပေါ်လာတော့သည်၊

*ဒေါက်* *ဒေါက်* *ဒေါက်*

"ကော... "လို့ ခေါ်လိုက်သည့်ရှောင်လျန့်စန်းအသံဟာ သူမနိုးသေးဘူးအထင်ဖြင့် တိုးတိုးလေးသာခေါ်လိုက်ပုံရသည်၊ ဝမ်ဖေးရန်ဟာ ချင်ယွီ့ကုချင်းကို ပြန်သိမ်းလိုက်ပြီး စားပွဲခုံတွင်ထိုင်လိုက်သည်၊

"ဝင်လာခဲ့လေ စန်းအာ " သူ့ညီကို ဝင်လာရန်အသံပေးလိုက်သည်၊

"ကော နိုးနေပြီလား" ရှောင်လျန့်စန်းဟာ တံခါးကိုတွန်းဖွင့်လာပြီး ခုံပေါ်မှာ လက်လေးထောက်ကာမေးလေးတင်ထားသည့် အေးချမ်းတိတ်ဆိတ်နေသည့် သူ့အစ်ကိုကို ကြည့်ရင်း...'ငါ့အစ်ကိုက ဘယ်ချိန်ကြည့်ကြည့် အမြဲကျက်သရေရှိနေတာပဲ' စိတ်ထဲ တွေးတောနေရင်း သူအစ်ကိုဘေးက ခုံမှာဝင်ထိုင်လိုက်သည်

"ဟုတ်တယ် စန်းအာ... မနက်အစောကြီး ဘာကိစ္စများရှိလို့လဲ" ဟု ဝမ်ဖေးရန်ဟာ ပြုံးရင်းမေးလိုက်သည်၊

လျန့်စန့်းဟာ သူ့အစ်ကိုရဲ့ ပြစ်မျိုးမဲ့မျက်နှာလေးကို ကြည့်ကာ သူလုပ်တဲ့ အစီအစဉ်တွေပြောပြရန် တွန့်ဆုတ်သွားသည်၊ သူ့အစ်ကိုလို စိတ်ထားဖြူစင်သည့်လူတစ်ယောက်က သူ ဒီလိုလုပ်ခဲ့တာတွေ သိသွားရင် သူ့ပေါ် မုန်းတီးရွံရှာသွားမှာ စိုးကြောက်မိသွားတာကြောင့် သူလမ်းကြောင်းပြောင်းလိုက်ရန် စိတ်ကူးလိုက်သည်၊

"ကျွန်တော် စဉ်းစားမိတာ ကောကို ချင့်လွီချွမ်းဌာနခွဲက ခန်းမဆောင်သခင်ပိုးပန်းတဲ့ကိစ္စကို မင်းသားငါးကိုပြောသင့်တယ်ထင်တယ်"လို့ ပြောရင်း သူ့အစ်ကိုရဲ့အမူအရာကိုလည်း အကဲခတ်နေလိုက်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now