Chapter -38

11.5K 1.9K 155
                                    

Zawgyi

"ကြည့်ရတာ ငါဝင်ပြိုင်လို့မရတော့ဘူးပဲ"လို့ ရီယွမ်ရှန့်ဟာ ညည်းညူပြောဆိုလိုက်ပြီး လေလံရုံအခန်းထဲကနေထွက်သွားသည့် ဝမ်ဖေးရန်တို့နောက်ကို အမီလိုက်ကာ မင်ထျန်းလော့ဘက်ကို လှည့်လိုက်ပြီး

"ထျန်းလော့ မင်းဝင်ပြိုင်မှာလား "လို့ မေးပုံဟာ တစ်ကယ်ကို မနာလိုဖြစ်နေသည့်လေသံဖြစ်သည်၊သူက အသက်အရမ်းကြီးနေတာမဟုတ်ပေမယ့် ၂၀ကျော်နေပြီဖြစ်တာကြောင့် ဝင်ပြိုင်လို့မရပေမယ့် မင်ထျန်းလော့ကတော့ ၂၀မပြည့်သေးတာကြောင့် အေးဆေးဝင်ပြိုင်လို့ရသည်၊ဒါဆိုရင် ထိုဆုက မင်ထျန်းလော့အတွက် သေချာသွားပြီကိုး... ၊

"ကျွန်တော် ဝင်ပြိုင်မှာ"ထိုအသံဟာ မင်ထျန်းလော့ဘေးမှာရပ်နေသည့် ဝမ်ဖေးရန်ဆီက ထွက်လာသည့်အသံဖြစ်သည်၊ဝမ်ဖေးရန်ရဲ့အပြာရောင်မျက်ဝန်းများဟာ စိတ်အားထက်သန်မှုများဖြင့် တောက်ပနေပြီး အနိုင်လိုချင်မှုများဖြင့် ပြင်းပြနေတော့သည်၊

"ဖေးရန် မင်းဝင်ပြိုင်မယ်ဆိုတာ သေချာလား ရှောင်ချင်းလင်က ထိုပွဲမှာ ဘာတွေကြံစည်ထားလဲ ကိုယ်တို့သိရတာလည်းမဟုတ်ဘူး တကယ်လို့ဆုလိုချင်တယ်ဆိုရင် ထျန်းလော့ကို ဝင်ပြိုင်ခိုင်းလိုက်လေ "လို့ ရီယွမ်ရှန့်ဟာ စိတ်ပူသည့်မျက်နှာဖြင့်ပြောလိုက်တော့ မင်ထျန်းလော့ဟာလည်း ယွမ်ရှန့်စကားကို ထောက်ခံစွာခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ် ရန်အာ ဝင်ပြိုင်ရတဲ့အထိမလိုပါဘူး ကိုယ်တစ်ယောက်လုံးရှိနေတာပဲလေ ကိုယ့်ကို အားကိုးလိုက်ပါ"လို့ ရန်အာကို မြတ်နိုးသောအကြည့်များဖြင့်ကြည့်လိုက်ပြီး ပါးလေးကိုဖွဖွလေးပွတ်သပ်ရင်း ပြောလိုက်တော့ ဝမ်ဖေးရန်ဟာ လက်မခံနိုင်စွာ ရှောင်ဖယ်လိုက်ပြီး

"ကိုယ့်အားကိုယ်ကိုးပြီးပဲ လိုချင်တယ်... ပြီးတော့ အမြဲ လော့ကောကောနဲ့ယွမ်ရှန့်နောက်မှာ နေနေရင် ကျွန်တော့်ရဲ့အရည်အချင်းတွေကို မေးငေါ့ခံရလိမ့်မယ် ဒါဆို လော့ကောကောနဲယွမ်ရှန့်မရှိတော့တဲ့အချိန်ကျရင် ကျွန်တော့်ကို အထင်သေးပြီး စိတ်ဒုက္ခတွေပေးလာကြလိမ့်မယ်...ဒါကြောင့် ဝမ်ဖေးရန်ဆိုတဲ့ကျွန်တော်က အနိုင်ကျင့်လို့မရတဲ့သူတစ်ယောက်ဆိုတာ ကျွန်တော့်ကိုအထင်သေးတဲ့သူတွေကို ပြသချင်တယ်"လို့ ဆုံးဖြတ်ချက်ပြတ်သားသောမျက်နှာလေးဖြင့် ပြောလာသည့် ဝမ်ဖေးရန်ကြောင့် လော့ကောကောနဲ့ယွမ်ရှန့်လည်း သက်ပြင်းချလိုက်ပြီးနောက် ပြုံးလိုက်ကာ

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now