Chapter - 43

12.1K 1.8K 242
                                    


Zawgyi

"မင်းတော်နေလည်း မင်းရဲ့စက်ဆုပ်စရာကောင်းတဲ့ရုပ်ဆိုးကြီးကို မြင်ရင် ဘယ်သူက ဆက်ပြီးအလေးထားမလဲ!"အော်ပြောကာ အကြည်ရောင်အရည်တစ်ချို့နဲ့ လှမ်းပတ်လိုက်တော့သည်၊ ဝမ်ဖေးရန်ရဲ့ကိုယ်ဟာ အငွေ့တစ်ထောင်းထောင်းထလိုက်ပြီး တဖြည်းဖြည်းပြောင်းလဲသွားတော့သည်၊

လူတွေဟာ ချင်ဟွာချန်ရဲ့လုပ်ရပ်ကြောင့် အံ့အားသင့်နေပေမယ့် ထိုတစ်ယောက်ဟာ သူ့လုပ်ရပ်ပတ်သတ်ပြီး နောင်တရမည့်ပုံမပေါ်ချေ၊သူဟာ ရယ်မောနေပြီး

"မင်းရဲ့ ရုပ်ဆိုးကြီးကို အစ်ကိုထျန်းလော့တို့မြင်အောင် ပြလိုက်စမ်းပါ!"လို့ ကျယ်လောင်စွာအော်ဟစ်ပြောဆိုသည့်ချိန်မှာ အကုန်လုံးဟာ မျက်မှောင်ကြုတ်ကုန်ကာ ဆိုးဝါးတဲ့စရိုက်ကို ပိုင်ဆိုင်ထားသည့် ချင်ဟွာချန်အားကြည့်ကာ

'လက်ရှိ ငါမြင်နေတာ မင်းရဲ့ရုပ်ကပိုဆိုးနေသေးတယ်'လို့် တွေးကုန်ကြပြီး တချို့ကတော့ လူကြားထဲ သန့်စင်ဆေးရည်နဲ့ပက်ခဲ့ရသည့် ဝမ်ဖေးရန်ကို စာနာသလို၊တချို့ကြတော့ ချင်ဟွာချန်ပြောသလို တစ်ကယ်ပဲရုပ်ဆိုးကြီးထွက်လာပြီး အရှက်ကွဲခံရတော့မည်လားလို့ စိတ်ဝင်စားစွာ စောင့်ကြည့်နေကြတော့သည်၊

ကျင့်ကြံခြင်းလောကမှာ ရုပ်ရည်ကအလကားဆိုတာ အပေါ်ယံအပြောသက်သက်ကာဖြစ်ပြီး တကယ့်အမှန်တော့ ရုပ်ဆိုးတဲ့သူတွေ ဘယ်လောက်ဘဲပါရမီကောင်းကောင်း လူတွေက သိပ်ပြီးအလေးမထားကြပေ၊ ရုပ်လှတဲ့သူတွေကြတော့ ပါရမီမကောင်းရင်တောင် အနည်းအကျဉ်းစောင့်ရှောက်ခံရသေးသည်ကိုး၊

ထိုချိန်မှာ ကျစ်သပ်သံကို ကြားလိုက်ရတော့သည်၊

"တကယ်ပါပဲ... ငါဒီရုပ်ရည်ကို သဘောမကျလို့ရုပ်ဖျက်ထားတာကို!"လို့မကျေမနပ်ပြောဆိုကာ မျက်နှာပေါ်က အငွေ့ထနေသည့်အရည်တွေကို ဖယ်လိုက်ပြီး ချင်ဟွာချန်ဘက်ကို စူးစိုက်ကြည့်လာတော့သည်၊

တစ်ကွင်းလုံးတိတ်ဆိတ်သွားရုံမကဘူး ဝမ်ဖေးရန်ရုပ်ကိုကြည့်ကာ လှောင်ဖို့ကြိုးစားမည့်သူတွေလည်း မျက်လုံးများ ကျွတ်ကျမတက် ဖြစ်သွားကြတော့သည်၊ ပြောရရင် ဝမ်ဖေးရန်ရဲ့ရုပ်အစစ်ကိုမြင်ဖူးသည့် မင်ထျန်းလော့နဲ့ရီယွမ်ရှန့်ကလွဲ၍ ကျန်တဲ့သူတွေဟာ အကြည့်မခွာနိုင်တဲ့အထိကိုပင်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now