Chapter - 20

14.5K 2.2K 124
                                    


Zawgyi

ရွယ်ဆွေ့ဆိုတဲ့ဓားဟာ ထျန်လျန့်ဆိုတဲ့ နယ်မြေမှာတော့ နတ်ဘုရားလက်နက်လိုပင်၊စိတ်ဝိညာဉ်လက်နက်တွေက ဒီလိုနယ်မြေအသေးစားမှာ နတ်ဘုရားလက်နက်လို ဖြစ်ျနသည်ဟာ မဆန်းကျယ်လှပေ၊

ရေစွမ်းအားသွေးကြောပါရှိတဲ့ကျင့်ကြံသူအတွက်တော့ ရွယ်ဆွေဓားဟာ ရူးလောက်အောင် မက်မောစရာမလား၊ရှောင်ကလန်ကလည်း ရေစွမ်းအားသွေးကြောပါရှိတဲ့ကလန်ဖြစ်တာကြောင့် သူတို့ဟာ ရှောင်ဝေ့ရန်လက်ထဲက ရွယ်ဆွေဓားကို လိုချင်မက်မောစွာကြည့်နေတော့သည်၊

အသက်ဆယ်သုံးနှစ်အရွယ်ကောင်လေးတစ်ယောက်ကတော့ ထိုရှောင်ကလန်ကလူတွေနဲ့ဆန့်ကျင်စွာ ရှောင်ဝေ့ရန်ကိုကြည့်နေသည့်မျက်ဝန်းများဟာ ဂုဏ်ယူနေသည့်မျက်ဝန်းများဖြစ်သည်

"ညီငယ်ဝေ့ရန်က ကံကောင်းတာပဲ ချင့်လွီ့ကုန်းရဲ့ဂိုဏ်းခွဲကခန်းမဆောင်သခင်ဆီကတောင် လက်ဆောင်တွေ ရနေတယ်... ပိုးပန်းခံရတာများလားနော်"

ရှောင်ချင်းလင်ဟာ အသံကျယ်ကျယ်နဲ့ပြောရင်း သူမျက်ဝန်းတွေဟာ မနာလိုမုန်းတီးမှုများဖြင့် ပြည့်နှက်နေကာ ရှောင်ဝေ့ရန်ကို အကြပ်အတည်းထဲရောက်ချင်တာသိသာလှသည်၊ ရှောင်လူငယ်တွေဟာလည်း ရှောင်ဝေ့ရန်ကို ဖဲ့ဆိုရင် တိုင်ပင်စရာမလိုချေ

"ချင့်လွီ့ကုန်းက မိုင်ပေါင်းများစွာ ဝေးတာကို ဘယ်လိုများ ငါတို့ရှောင်ကလန်က မောင်ငယ်လေးကို ချစ်ကြိုက်မိသွားပါလိမ့်"ချင်ဟွာမေ့ဟာ ပြောလိုက်သည်၊

"အစ်မနှစ် မသိဘူးလား ချင်လွီ့ကုန်းက ဒီနှစ် ကျွန်တော့်တို့ တိုင်းပြည်မှာ လေလံပွဲကျင်းပမှာလေ... အခု ချင်လွီ့ကုန်းကလူတွေ မြို့တော်မှာ ရောက်နေပြီ"

"အိုး...ဖူးစာဆိုတာ အဲ့လိုမျိုးပဲ ကံမကောင်းတာက ဝေ့ရန်က မကြာခင် မင်းသားငါးနဲ့လက်ထပ်တော့မှာပဲ စိတ်မကောင်းလိုက်တာ"

"အစ်မနှစ် စကားကို ကြည့်ပြောပါ အကိုအိုရန်ကလည်း ငယ်ရွယ်ပြီးထက်မြက်တဲ့လူငယ်တစ်ယောက်ပဲလေ အကိုအိုရန်က အဆုံးမရှိတဲ့ ကောင်းမွန်သည့် အနာဂတ်တွေ ပိုင်ဆိုင်ထားတဲ့သူလေ"

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now