characters intro

11.6K 1.3K 179
                                    

Zawgyi
မင်ထျန်းလော့ (၁၈နှစ်) - Alpha

မင်အင်ပါယာရဲ့အိမ်ရှေ့စံမင်းသား

Huo re မီးနဂါးရဲ့ဆက်ခံသူဖြစ်သည်၊မင်တော်ဝင်ဟာ မြေကြီးအထူးပြုသိုင်းပညာရှင်များဖြစ်ပေမယ့် မီးနဂါးကိုဆက်ခံသူပီပီ မင်ထျန်းလော့ဟာ မီးစွမ်းအားကိုပါ အထူးပြုနိုင်သည်၊မင်ထျန်းလော့ရဲ့မိခင်ရဲ့နောက်ခံဟာ အခြားသူတွေထင်သလို မရိုးရှင်းဘဲ သူမဟာ ထျန့်လျန့်နယ်မြေအပြင်ပက လာသူဖြစ်သည်၊ဒါပေမယ့် သူ့မိခင်ဟာ မင်ထျန်းလော့ ကိုးနှစ်အရွယ်ထဲက သူ့ဖခင်နဲ့သူ့ကို စွန့်ပစ်သွားခဲ့သည်၊ထိုသို့အကြောင်းအရာများကြောင့် မင်ထျန်းလော့ဟာ သွေးအေးပြီး စိတ်မကြည်ရင်မကြည်သလို လူသတ်ဖြတ်လာရသည်ကို ကြိုက်နှစ်သက်လာခဲ့သည်၊ထိုလူငယ်လေးနဲ့မတွေ့ခင်ပေါ့၊ ဝမ်ဖေးရန်... သူစသိတုန်းက ရှောင်ဝေ့ရန်၊သူအတွက်တော့ ဝမ်ဖေးရန်ဟာ အရာရာပင်၊ဝမ်ဖေးရန်ဟာ သူရဲ့လမ်းပြကြယ်လေးလိုပဲ၊ သူ့လို ရက်စက်ကြမ်းကြုတ်တတ်ပြီး ရိုင်းစိုင်းတတ်တဲ့သူဟာ ဝမ်ဖေးရန်အရှေ့ဆို တည်ငြိမ်ရင့်ကျက်ပြီးကြင်နာတတ်တဲ့သူလိုနေထိုင်ခဲ့သည်၊ဝမ်ဖေးရန်ဟာ သူရဲ့အလင်းရောင်၊ဒီစိတ်ပျက်စရာကောင်းတဲ့လောကကြီးမှာ တဖန်ရှင်သန်ချင်စိတ်ဖြစ်အောင် ဆောင်မပေးသည့် အလင်းရောင်လေးဖြစ်သည်၊

အဓိက ကိုင်ဆောင်သည့်လက်နက်က ဓားဖြစ်ပြီး တစ်ခါတရံ လက်သီးကိုအသုံးချတတ်သည်။

--------------------
ရီယွမ်ရှန့် (၂၁နှစ်) Alpha

အန်းရှကောင်းကင်ဂိုဏ်းရဲ့ဂိုဏ်းချုပ်၏ တပည့်ရင်း

ရီယွမ်ရှန့်ဟာ ကောင်းကင်အလင်းနဂါး Qing jinရဲ့ဆက်ခံသူဖြစ်ပြီး နောက်ထပ်အမြွှာသိုင်းဝိညာဉ်ဖြစ်သည့် ဓားဝိညာဉ်ကိုပါပိုင်ဆိုင်ထားသည်၊သူဟာ ရီ လို့ ခေါ်တဲ့မျိုးရိုးရဲ့နောက်ဆုံးမျိုးဆက်ဖြစ်ပြီး၊သူတို့ ကလန်ကြီးဟာ အမည်မသိလူသတ်ဂိုဏ်းတစ်ဂိုဏ်းရဲ့ဖျက်ဆီးခြင်းကိုခံခဲ့ရပြီး ရီယွမ်ရှန့်သာ ကံထောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်၊ထိုနောက် အန်းရှကောင်းကင်ဂိုဏ်းချုပ်ရဲ့တပည့်ဖြစ်လာကာ အငယ်ဆုံးအကြီးအကဲဖြစ်လာတော့သည်၊ ရီကလန်ဟာ လေအထူးပြုသည့်သိုင်းပညာရှင်များဖြစ်ပေမယ့် ရီယွမ်ရှန့်ဟာ လေစွမ်းအားကော အလင်းစွမ်းအားကိုပါ ကျွမ်းကျင်စွာအသုံးပြုနိုင်သည်၊
တနေ့လမ်းမှားရောက်ရင်း သူဟာ သူ့ဘဝရဲ့အရေးပါဆုံးလူသားလေးကိုစတင်တွေ့ရှိခဲ့တော့သည်၊ရီယွမ်ရှန့်ဟာ အပြင်ပန်းကသာတည်ငြိမ်ရင့်ကျက်ပေမယ့် သူရဲ့အတွင်းစိတ်ဟာ သူ့ကလန်အတွက် ကလဲ့စားချေစိတ်များနဲ့သာ ပြည့်နှက်နေခဲ့သည်၊တစ်ခါတလေ သူရဲ့အင်အားနည်းမှုများကို စိတ်ကုန်စွာ သူ့ကိုယ်သူအသုံးမကျသူလို့သတ်မှတ်ပြီး စိတ်ပျက်စရာကောင်းသည့် ဖိအားပေးမှုများနဲ့လေ့ကျင့်ခဲ့သည်၊ ထိုလူသားလေးနဲ့တွေ့ပြီးနောက်မှာတော့ သူတွေ အထီးကျန်မှု၊စိတ်အားငယ်မှုများပျောက်ကွယ်သွားခဲ့ပြီး တစ်စုံတစ်ယောက်ကို အပြင်းအထန်ကာကွယ်ချင်သည့်စိတ်များသာ ပြင်းထန်လာခဲ့သည်၊ သူချစ်ရတဲ့သူလေးကို ကာကွယ်ပေးချင်သည်၊ ထိုအမျိုးသားလေးရဲ့ပျော်ရွှင်မှုဟာ သူရဲ့ပျော်ရွှင်မှုဟု သတ်မှတ်ရတဲ့အထိကို ရီယွမ်ရှန့် ဝမ်ဖေးရန်ဆိုသည့် အမျိုးသားလေးကိုနက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးခဲ့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now