Chapter -68

5.8K 966 23
                                    

Zawgyi

ပေချင်းဝူဂိုဏ်းထဲရောက်သည့်နောက်မှာ​တော့ အကြီးအကဲဟာ သူတို့ကို နားနေဆောင်ဘက်ကို လိုက်လံပို့ဆောင်ပေးပြီး ဒီနေ့ အနားယူရန်နဲ့ မနက်ဖြန်မနက်ခင်းမှာ ပြိုင်ပွဲစမည့်ကိစ္စကို ပြောကာ ပြန်ထွက်သွားတော့သည်။

ထိုအခါမှာပဲ ဝမ်ဖေးရန်လည်း သူတို့အတွက်စီစဉ်ပေးထားသည့်အိပ်ဆောင်ထဲ ဝင်ရန်အလုပ် သူ့ကို လက်ကနေဆွဲခေါ်ကာ အိပ်ဆောင်ထဲအတင်းခေါ်သွားသည့်ရှလုန်ရွိန်ကြောင့် သူ့မှာအူကြောင်ကြောင်လေးပါသွားတော့သည်။

"ရန် နောက်တစ်ခါ အဲ့လိုထပ်မလုပ်ပါနဲ့... သိလား ကိုယ်ရူးသွားနိုင်တယ်!"

"တောင်းပန်ပါတယ် ငါ..."

"ကိုယ်လိုချင်တာက တောင်းပန်စကားမဟုတ်ဘူး ရန်၊ကတိပေးရမှာ နောက်တစ်ခါ အခုလို တစ်ယောက်တည်းမသွားတော့ဘူးလို့" လို့ ရှလုန်ရွိန်စကားကြောင့် ဝမ်ဖေးရန်ရဲ့နှုတ်ခမ်းလွှာလေးဟာ ဟသွားပေမယ့် ပြန်စေ့သွားတော့သည်။

သူမတည်နိုင်တဲ့ကတိကို လွယ်လွယ်မပေးချင်ပေ၊ဒါကြောင့် သူခေါင်းငုံ့လိုက်ပြီး သက်ပြင်းချကာ

"လုန်ရွိန် ... ကျွန်တော် ကတိမပေးနိုင်ပေမယ့် နောက်တစ်ခါ ဒီလိုလုပ်ရပ်မျိုးမလုပ်မိစေအောင် ကြိုးစားပေးပါ့မယ်...ဒါကြောင့် စိတ်မဆိုးပါနဲ့နော်" လို့ ပြောလိုက်တော့ ရှလုန်ရွိန်ဟာ ဝမ်ဖေးရန်ရဲ့လက်လေးကို ဖျစ်ညှစ်လိုက်ပြီး

"ကိုယ်စိတ်ဆိုးနေတာမဟုတ်ဘူး စိတ်ပူနေတာ ရန် ၊ မင်းပျောက်သွားတုန်းက ကိုယ်ဘယ်လောက်ထိ စိတ်ပူခဲ့လဲ မင်းမသိဘူး ၊ အဲ့ဟုန်တောအုပ်တစ်အုပ်လုံးကို ကိုယ်ဖျက်စီးပစ်လိုက်ချင်တဲ့အထိ ကိုယ်ရူးသွားမတတ်ပဲ" လို့ အနည်းငယ်အသံကျယ်သွားပေမယ့် ရှလုန်ရွိန်ဟာ တော်တော်ထိန်းထားပုံရသည်။သူရဲ့လည်ပင်းမှာပဲ ထိန်းထားလွန်းလို့ အကြောများထောင်ထနေပြီး စကားဆုံးတော့ အံကြိတ်ကာထိန်းလိုက်သေးတာကြောင့် မေးရိုးကြီးလည်းထောင်ထနေတော့သည်။

ဝမ်ဖေးရန် ဘာပြောရမလဲမသိတာကြောင့် သူရဲ့လက်တစ်ဖက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားသည့်ယောကျာ်းပျိုရဲ့လက်ကြီးကြီးတစ်ဖက်ကို အပေါ်ကနေ သူရဲ့နောက်လက်တစ်ဖက်နဲ့ဖွဖွလေးပုတ်ကာ တင်လိုက်ပြီး ထိုယောကျာ်းရဲ့နာမည်ကို ခေါ်လိုက်သည်။

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now