Chapter -51

9.9K 1.4K 151
                                    

Zawgyi

"လုန်ရွိန် မင်းက တော်တော်စန်းပွင့်တာပဲ...အခုမှ နယ်မြေအသစ်ရောက်တယ် ဂိုဏ်းတစ်ဂိုဏ်းရဲ့တပည့်ရင်းတစ်ယောက်ရဲ့စိတ်ဝင်စားမှုကို တန်းခံရတာပဲ" လို့ မင်ထျန်းလော့ဟာ လှောင်သံအနည်းငယ်စွတ်နေသည့်လေသံဖြင့် ပြောလိုက်တော့ ရှလုန်ရွိန်ရဲ့မျက်ဝန်းများဟာ မင်ထျန်းလော့ဆီ ရောက်လာကာ ခနဲ့ပြုံးများဖြင့်

"ရန်ရဲ့လူဖြစ်လာမဲ့သူတစ်ယောက်အတွက် နေလို တောက်ပပြီး သံလို သန်မာကာ နတ်ဘုရားတစ်ပါးလို ခန့်ညားတဲ့ရုပ်ရည်ရှိနေတဲ့ ကျုပ်ရှလုန်ရွိန်အတွက် ပန်းနံ့သာများ ဝန်းရံကာ ခံရတာ မဆန်းကျယ်ပါဘူး... အဟက် ကျုပ်ပြောရင်လည်း ခင်ဗျားက နားလည်မှာမို့်လို့လား" လို့ ပြန်ပြောလာသည့် ရှလုန်ရွိန်ကြောင့် မင်ထျန်းလော့ရဲ့နူတ်ခမ်းထောင့်များဟာ တင်းခံကာ ပြုံးလိုက်ပြီး အသက်မပါစွာ ရယ်မောလိုက်ပြီး

"ဟားဟား ဒါပေါ့ မင်းက ငါလောက်နီးနီးပါပဲ" လို့ ပြောလိုက်ပေမယ့် ရှလုန်ရွိန်ဟာ ထိုမီးအိမ်မြှောင်ကို စကားဆက်မပြောချင်တာကြောင့် လုံးလုံးလျားလျားကို လစ်လျူရှုလိုက်ပြီး ဝမ်ဖေးရန်ဘက်ကိုသာ

"ကိုယ်တို့ အရင်ဆုံး ဒီတောင်ပိုင်းနယ်မြေရဲ့ ရုန်ပေါက်မြို့​ထဲ ဝင်ရလိမ့်မယ်" လို့ ပြောလိုက်တော့ ဝမ်ဖေးရန်ဟာ ခေါင်းညိတ်ကာ လက်ခံလိုက်သည်၊

"ဒါဆို ဒီမြို့ကနေ အရင်ထွက်သွားရအောင်"

တောင်ပိုင်းနယ်မြေက မီးတောင်အရပ်နဲ့နီးတာကြောင့် အပူချိန်ဟာ သာမန်ထက်ပိုမြင့်သည်၊ဒါကြောင့် ဝမ်ဖေးရန်စိတ်ရှုပ်နေပြီဖြစ်သည်၊သာမန်ကျင့်ကြံသူတစ်​ယောက်အ​နေနဲ့ အပူချိန်ကို အန်တုနိုင်ပေမယ့် ဒီနေရာက အပူချိန်ကတော့ ခန္ဓာကိုယ်ပေါ်သာသက်ရောက်နေတာကြောင့် ဝမ်ဖေးရန်လို ကိုယ်ခံအား အာနည်းတဲ့ကျင့်ကြံသူတစ်ယောက်အနေဖြင့် အနည်းအကျဉ်းတော့ အပူချိန်ကို ခံစားရသည်ဟာ မဆန်းကျယ်ပင်၊

"ကောင်းပြီ ကိုယ်တို့ သားရဲတစ်သောင်းတောအုပ်ကနေ ဖြတ်သွားကြတာပေါ့"

"သားရဲတစ်သောင်းတောအုပ်..." လို့ ဝမ်ဖေးရန်ဟာ စိတ်ဝင်စားဟန်ဖြင့် ရွတ်လိုက်ကာ ရှလုန်ရွိန်ကို ကြည့်လိုက်တော့ မင်ထျန်းလော့ဟာ ရှေ့ကနေ ကွယ်လိုက်ပြီး

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now