Chapter - 22

14.2K 2.1K 71
                                    

Zawgyi

သူ့ခြံဝန်းထဲကိုရောက်ပြီးမကြာခင်မှာ ပထမဇနီးကနေ လွှတ်လိုက်သည့်အစေခံတွေရောက်လာတော့သည်၊သူတို့ရဲ့သခင်မဟာ သူ့ကိုသားလိုသဘောထားတာကြောင့် အခုလိုပြင်ဆင်ဖို့လူလွှတ်လိုက်တဲ့ကြောင်းပြောလာချိန်မှာ ဝမ်ဖေးရန်စိတ်ထဲ ရယ်မောလိုက်မိသည်၊

ဒီရှောင်ချင်းလင်ဘက်ကလူတွေ ငါ့ကို မင်းသားလက်ထဲ တော်တော်ထည့်ချင်နေပြီ ထင်တယ်၊ပထမတော့ အလိုက်သင့်လေးနေမလို့ ဝမ်ဖေးရန်တွေးတောလိုက်ပေမယ့် ပန်းဆီရောင်ပိတ်စကိုမြင်လိုက်ရတဲ့အချိန်မှာ သူ့စိတ်တွေဟာ ပျောက်သွားကာ မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး ထိုဝတ်ရုံကို လက်ညှိုးစေကာ မေးလိုက်သည်၊

"ဒီဝတ်စုံက ဘယ်သူ့အတွက်လဲ"ရှောင်ဝေ့ရန်မေးသံကြားတော့ ထိုအစေခံတွေဟာ လှောင်ရယ်ချင်ကျပေမယ့် ချော့မော့သောလေသံဖြင့် ပြောလာတော့သည်၊သူတို့ကရှောင်သခင်မကြီးဆီမှာ ခစားလာသည်ဟာ နှစ်ပေါင်းများစွာကြာပြီဖြစ်တာကြောင့် လူတွေကို သူတို့ဘက်ဆွဲခေါ်ဖို့ စကားပရိယယ်သုံးရသည်ဟာ လွယ်ကူလှသည်၊

"ဒီဝတ်စုံက ဘာဖြစ်လို့လဲ သခင်လေးရယ် ကြည့်ပါအုံး အသားလေးကလည်း ပိုးသားချည်နဲ့ပြုလုပ်ထားတာကြောင့် နူးအိနေတဲ့အပြင် ဒီလိုပန်းဆီရောင်က လူလယ်ခေါင်မှာ သခင်လေးရဲ့အလှကိုပိုမိုထင်ရှားစေမှာ အမှန်ပဲ"

" မကြိုက်ဘူး အခြားဝတ်စုံ ပြောင်း"ဝမ်ဖေးရန်ဟာ ပြောလိုက်သည်နှင့် ထိုအစေခံတစ်သိုက်ဟာ ချက်ချင်းမျက်နှာပျက်သွားပြီး တစ်ယောက်ဟာ လက်မလျော့သည့်ပုံစံဖြင့် ထပ်ပြောလာတော့သည်၊

"သခင်လေး ဒီဝတ်စုံက သိပ်တန်ဖိုးကြီးမားတာရှင့် တော်ရုံလူ ဝတ်နိုင်တာမဟုတ်ဘူး ပြီးတော့ ဒါအိမ်တော်တဲ့သခင်မကြီးကိုယ်တိုင် ရွေးချယ်ပေးထားတာပါ"

'တော်ရုံလူ ဘယ်ဝတ်နိုင်မလဲ ရူးနေတဲ့တဲ့သူမှ ဝတ်လိမ့်မယ်' လို့ စိတ်ထဲ ညည်းညူပြောဆိုလိုက်ပြီးနောက် ထိုအစေခံလက်ထဲရှိ ဝတ်စုံတစ်ခုလုံး ပန်းဆီရောင်ကိုမှ ပြောင်ဖြစ်ကာ ဘာပန်းခတ်ပန်းရွက်များမပါသည့်ဝတ်ရုံကို စိုက်ကြည့်လိုက်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now