Chapter -37

11.4K 1.9K 101
                                    

Zawgyi

"အဟမ်း... တိတ်တိတ်လေးနေပေးကြပါရှင့်... ကဲ ဒီတစ်ခေါက်လေလံတင်မဲ့ပစ္စည်းက အရမ်းမရှားပါးပေမယ့် ရယူရခက်ခဲတဲ့ ဆေးပင်တစ်မျိုးဖြစ်ပါတယ်... ဒီချုံးအဆင့်ခုနှစ်ရောင်မြွေသားရဲတွေရှိတဲ့အရပ်ဒေသမှာသာ ပေါက်ရောက်တဲ့ နေကြောက်ပန်းပါ"လို့ ပြောလိုက်ရင်း ယင်ဟာ အကုန်လုံးမြင်အောင် နေကြောက်ပန်းကို ပြသလိုက်သည်၊

အနက်ရောင်လိုလို မီးခိုးရောင်လိုလို ပွင့်ဖက်ငါးဖက်သာ ပါဝင်ပြီး ရိုးတံဟာလည်း ညိုဆွေးဆွေးအရောင်ပေါက်နေကာ အရွက်များသည်လည်း အဝါရောင်သန်းနေသည့် ထိုပန်းပုံသဏ္ဍာန်ဟာ တကယ်ကိုကြည့်လိုက်သည်နှင့် နေရောင်ခြည်ရဲ့ဓာတ်ခံကို မထိတွေရသည်မှန်းသိသာလွန်းသည်၊

"ဒီပန်းက ခုနှစ်ရောင်မြွေတွေရဲ့အဆိပ်နဲ့ ရှင်သန်လာတဲ့ပန်းတစ်မျိုးဖြစ်ပေမယ့် သူ့ကို သွေးကြောပျက်စီးတဲ့နေရာ ၊ အဆိပ်ဖော်စပ်တဲ့နေရာတွေမှာ အသုံးပြုပြီးဆေးဖော်စပ်မယ်ဆိုရင် တွေးထင်မရတဲ့အထိ အာနိသင်ရှိတယ်...လေလံကြမ်းခင်းဈေးကတော့ ရွှေသား တစ်သောင်းနဲ့စပါမယ်ရှင့်"လို့ ယင်ပြောလိုက်သည်နှင့် အကုန်လုံးဟာ စတင်ဈေးခေါ်ကြတော့သည်၊

နောက်ဆုံး အလယ်အလတ်အခန်းကနေ ရွှေငါးသောင်းနဲ့လေလံအနိုင်ရရှိသွားသည်၊ဒါဟာ တကယ်ကို မဆိုးသည့်ဈေးနူန်းဖြစ်သည်၊နေကြောက်ပန်းဟာ မရှားပါးပေမယ့် ဒီချူံးအဆင့်သားရဲတွင်းထဲကို အသက်စွန့်ပြီး ရယူထားတာကိုး၊

"နောက်ထပ်ပစ္စည်းတစ်မျိုးကတော့ ကုန်းချန်အဆင့် နဂါးအမြူတေပါ ...ဟုတ်ပါတယ် လူကြီးမင်းတို့ ကြားတာမမှားပါဘူး...ကဲ အမြူတေနဲ့ပတ်သတ်ပြီး ထွေထွေထူးထူးရှင်းပြစရာမလိုဘူးထင်ပါတယ် လေလံကြမ်းခင်းဈေးကတော့... ကုန်းချန်အဆင့်ဆေးပင်ပါတဲ့ရှင့်"လို့ ယင်ရဲ့ပြောသံအဆုံး အကုန်လုံးဟာ လှုပ်လှုပ်ရွရွဖြစ်ကုန်ကြတော့သည်၊

ကုန်းချန်အဆင့်ဆေးပင်၊လာနောက်နေတာလား နဂါးအမြူတေကရှားပေမယ့်လည်း ကုန်းချန်အဆင့်ဆေးပင်ကလည်း ရှားပါးတာပဲလေ၊ ဘယ်သူက ရင်းချင်မှာလဲ၊ ဒါပေမယ့်လည်း ထိုအမြူတေကို ယူချင်တဲ့သူတွေလည်းရှိသေးတာပဲလေ၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now