Chapter-61

8.2K 1.2K 30
                                    

Zawgyi

ဝမ်ဖေးရန်တို့ ခေါက်ဆွဲဆိုင်ကိုတွေ့ခဲ့ပေမယ့် လူပြည့်နေတာကြောင့် အခြားစားသောက်ဆိုင်တွေကို သွားရောက်ခဲ့ပေမယ့် နေရာလွတ်မရှိတော့တာကြောင့် ဖက်ထုပ်နဲ့ပေါက်စီဆိုင်ကိုသာ ဝင်လာတော့သည်၊

ထိုဆိုင်ရဲ့သီးသန့်ခန်းတွေဟာလည်း လူပြည့်နေပြီဖြစ်တာကြောင့် သူတို့မှာတွေ့ရာစားပွဲလွတ်တွင်သာ ထိုင်လိုက်တော့သည်၊အခုစား​သောက်ဆိုင်ကလည်း လူတော်တော်စည်ပြီး ဖက်ထုပ်သီးသန့်ရောင်းစားသည့်စားသောက်ဆိုင်ဖြစ်သည်၊သူတို့ငါးယောက် ဝင်ထိုင်လိုက်သည့်ချိန်မှာ အကုန်လုံးလည်း အကြည့်များဟာ သူတို့ဆီရောက်လာကြတော့သည်၊ဒါပေမယ့် ဝမ်ဖေးရန်တို့ကတော့ ကျင့်သားရနေသဖွယ် အေးဆေးစွာဖြင့် အစားအသောက်တွေမှာလိုက်တော့သည်၊ထိုနောက် ဝမ်လီဖန်းဟာ စတင်ပြီး

"ထိုက်တန်မြို့တော်မှာ ထျန်းကျီအဆင့်နဲ့ထျန်းကျီအဆင့်အောက်အသက်သုံးဆယ်လူငယ်တွေအတွက် ပြိုင်ပွဲတစ်ပွဲကျင်းပမယ်လို့ သတင်းရထားတယ်မလား" လို့ ပြောလိုက်တော့ မင်ထျန်းလော့ဟာ ခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ် ကျွန်တော့်ခမည်းတော်က အဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အကြံပေးလိုက်တယ်" လို့ ပြောလိုက်တော့ ဝမ်လီဖန်းဟာ ခေါင်းညိတ်ရင်း

"အဲ့ပြိုင်ပွဲက အဲ့လောက်ထိမရိုးရှင်းဘူး... အဟမ်း အစ်ကိုတို့က ဒီအရပ်ဒေသကမဟုတ်တော့ ဒီနယ်မြေလေးထဲ မဝင်ခင်မှာ အချက်အလက်တွေ စုခဲ့တယ်လေ...အဲ့ထဲမှာ ဒီပြိုင်ပွဲနဲ့ပဲ ပတ်သတ်တဲ့အဓိကအကြောင်းအရင်းပါခဲ့တယ်.. " လို့ ပြောလိုက်တော့ မင်ထျန်းလော့တို့လည်း စိတ်ဝင်စားသည့်အမူအရာဖြင့် ကြည့်လာကာ

"အဓိကအကြောင်းအရင်းက" သံယောင်လိုက်မေးလိုက်တော့သည်၊

"ဟုတ်တယ်... အဲ့တာ ရှေးဟောင်းနယ်မြေထဲကို ဝင်ရမဲ့အကြောင်းအရင်းပဲ"

"ဘယ်လို" သူတို့ နားမလည်သလိုဖြစ်သွားတာကြောင့် သံပြိုင်မေးလိုက်တော့ ကျောက်ရန်ဟိုက်က လိုရင်းတိုရှင်းနဲ့ ဝင်ရှင်းပြတော့သည်၊

"အခု အလယ်ပိုင်းဒေသမှာ ဂိုဏ်းကြီးငါးဂိုဏ်းက အမြဲပြိုင်ဆိုင်နေကြတာလေ... တလောက သူတို့ဆီမှာ ရှေးဟောင်းနယ်မြေဝင်ခွင့်သော့သုံးဆယ့်နှစ်ချောင်းရရှိခဲ့တယ်လေ..."

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now