Chapter - 47

10.1K 1.6K 110
                                    

Zawgyi

"ရန်... ထွက်သွား"

ဝမ်ဖေးရန် သူရှေ့တွင် နာကျင်မှုကို အံတုနေသည့် ရှလုန်ရွိန်ကြောင့် သူလည်းဘာလုပ်ရမလဲမသိဖြစ်နေတော့သည်၊ထိုသွေးကျိန်စာဟာ သွေးကြောထဲကနေ ပြင်းထန်သည့်အက်ဆေးနဲ့အတွင်းကလီဆာတွေကို တိုက်စားနေတာကြောင့် ခံရသည့်ကာယကံရှင်ဟာ မီးပင်လယ်ထဲမှာ ကျရောက်နေသလို ခံစားရသည်ဟု သူဖတ်ဖူးသည်၊ဒါ အရှင်လတ်လတ်မီးသဂြိုလ်ခံရသည့်ထက်ပင် ဆိုးဝါးလွန်းလှသည်၊

"လုန်ရွိန်...မင်း အဆင်ပြေရဲ့လား ငါသမားတော် ခေါ်ပေးရမလား" ဝမ်ဖေးရန်တစ်ယောက် စိတ်ပူနေတာကြောင့် ပြောချင်ရာပြောနေမိသည်၊ကျိန်စာကို ဘယ်သမားတော်က ကုသပေးနိုင်မလဲ!ပြီးတော့ ဒီလောက်နာကျင်လွန်းတာကြောင့် ချွေးများတကိုယ်လုံးရွဲနေကာ အံကြိတ်ခံကာနေနေသည့်သူကို အဆင်ပြေလား သွားမေးသည့် ဝမ်ဖေးရန်တစ်ယောက်၊

ဒါပေမယ့် ရှလုန်ရွိန်ဟာ အခုလိုနာကျင်မှုဟာ သူ့အတွက်ကျင့်သားရနေပြီဖြစ်ပေမယ့် သူ့ကိုစိုးရိမ်စွာ ဘေးနားမှာ စောင့်ပေးနေသည့်ဝမ်ဖေးရန်ကြောင့် အနည်းငယ်ပျော်ရွှင်မိသွားသည်၊ဒါပေမယ့် မကြာခင် ကျိန်စာဟာအကန့်သတ်မဲ့ထဲရောက်တော့မည်၊ထိုအချိန်ကျရင် သူ့ကိုယ်သူပင် မပိုင်နိုင်စွာ ဘေးနားရှိလူတွေကို သတ်ဖြတ်မိတတ်သည်၊

"ရန်...ကိုယ်အဆင်ပြေတယ် ဒါကြောင့် နောက်နေ့မှ ကိုယ်ဆီလာလည်တော့လေ... အခု ကိုယ်အနားယူပါရစေ" လို့ ပြောလိုက်တော့ ဝမ်ဖေးရန်လည်း အနည်းငယ်တွေဝေသွားကာ ရှလုန်ရွိန်ကို မျက်တောင်မခတ်စိုက်ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ

"ကောင်းပြီ..."လို့ ပြောလိုက်ရင်းထွက်သွားတော့သည်၊

'ဇာတ်လိုက်တစ်ယောက်အနေနဲ့ လွယ်လွယ်သေစရာအကြောင်းလည်းမရှိဘူးမလား၊သူတို့က ကံကောင်းမှုအဖြာဖြာနဲ့အသက်ပြင်းတဲ့သူတွေပဲလေ... 'လို့ ပြောလိုက်ရင်း ဒီအိမ်တော်ထဲရှိ ဥယျာဉ်တော်အသေးလေးရှိ သေသပ်လှပစွာဆောက်လုပ်ထားသည့် ဇရပ်လေးထဲမှာ နေကာအွန်လိုင်းပေါ်က စာဖတ်သူတွေရဲ့မှတ်ချက်တွေကို ဝင်ဖတ်လိုက်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now