Chapter - 34.2

12.6K 1.9K 80
                                    

Zawgyi

ဝမ်ဖေးရန်ဟာ လှည်းပြင်ဘက်က ဆူညံသံများကြောင့်မျက်ဝန်းများပွင့်လာသည့်အခါ သူဟာ လော့ကောကောရဲ့ ရင်ခွင်ထဲတွင် တစ်ညလုံးအိပ်နေတာသိသွားတော့ မျက်နှာလေးဟာ အနည်းငယ်နီရဲသွားပြီး အလျင်စလို ထထိုင်လိုက်ပေမယ့် သူ့ကို ပြုံးကာကြည့်နေသည် လော့ကောကောကြောင့် နားလေးနှစ်ဖက်ပါ ပိုမိုရဲတွတ်သွားတော့သည်၊ဒါပေမယ့် ဝမ်ဖေးရန်ဟာ ဘာမှမဖြစ်သလို မင်ထျန်းလော့ကို မော့ကာ ပြုံးပြလိုက်ရင်း

"လော့ကောကောကို ဒုက္ခပေးမိပြန်ပြီ"လို ပြောလိုက်ပေမယ့် လော့ကောကောဟာ သူ့ရဲ့လက်ကို လှမ်းဆွဲပြီး တိုးညှင်းပြီး ဆွဲဆောင်အားပြင်းသည့်အသံဖြင့်

"ကိုယ်ချစ်ရတဲ့သူလေးနဲ့ နီးနီးကပ်ကပ်တစ်ညလုံး နေခွင့်ရတာ ဘယ်လိုလုပ်ဒုက္ခဖြစ်မလဲ" လို့ ပြောလိုက်တော့ ဝမ်ဖေးရန်မျက်နှာဟာ ပိုမိုရဲတက်သွားကာ ပြာသလဲလဲ လှည်းထဲကနေ ထွက်လိုက်တော့သည်၊

လှည်းထဲကနေ ထွက်လာတော့ ခုနက ခံစားချက်တွေပျောက်ကုန်ကာ အပြင်ဘက်ကို အံ့အားသင့်စွာ ကြည့်နေမိသည်၊ သူတို့ရောက်ချိန်က ညချိန်ဖြစ်တာကြောင့် ညဘက်မြင်ကွင်းနဲ့မနက်မြင်ကွင်းဟာ ကွာခြားလွန်းသည်၊

ဒါအပြင် ဒီနေ့က လေလံတင်မည့်ရက်ဖြစ်တာကြောင့် လမ်းပေါ်တွင်မက ကောင်းကင်ပေါ်တွင်လည်း ပျံသန်းနိုင်သည့်သားရဲမျိုးစုံကို မြင်တွေ့နေရပြန်သည်၊ ဒါအပြင် ယန္တရားများနဲ့တည်ဆောက်ထားသည့် အဆင့်မြှင့်လှေပျံကြီးတွေကိုပါ တွေ့ရပြန်သည်၊သူတို့နယ်မြေမှာ ထိုသို့ယန္တရားလှေကြီးတွေပိုင်ဆိုင်နိုင်တာ အင်ပါယာသုံးဦးသာရှိသည်၊အခုတော့ တစ်နေရာထဲမှာပင် လှေပျံခုနှစ်စီးလောက်မြင်တွေ့ရကာ သူတို့ ထျန်လျန့်နယ်မြေအတွင်း နေထိုင်သူတွေအတွက် အံ့သြစရာပင်မလား၊

လော့ကောကောဟာ သူရဲ့ခေါင်းကို ဖွဖွလေးပုတ်လိုက်ပြီး သူ့ဘက်ကို ငုံ့ကြည့်လာကာ မေးလာတော့သည်၊

"စီးချင်လို့လား"

'မစီးချင်ဘဲ နေမလား...၊ဒါ လှေပျံကြီးတွေလေ!!! မမိုက်ဘူးလား သူတို့ဆီ လေယာဉ်ပျံတွေသာ ကောင်းကင်မှာရှိတာလေ!အခုတော့ ကောင်းကင်အထက်မှာ လှေပျံကြီးတွေ!'လို့ စိတ်ထဲမှာသာ အော်ဟစ်ပြောဆိုနေမိပြီး သူရဲ့အပြာရောင်မျက်ဝန်းလေးများဟာ ကောင်းကင်ပေါ်ရှိ လှေပျံတွေကို တောက်ပသောအကြည့်များနဲ့ကြည့်နေတော့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now