Chapter - 3

20.9K 2.6K 207
                                    

Zawgyi

ရှောင်ရန်ဟောက်ဟာ ရှောင်ဝေ့ရန်ရဲ့ခါးလေးကို တင်းကြပ်စွာဆွဲဖက်လိုက်တော့ ခါးလေးကော့သွားကာ သူ့ကိုမော့ကြည့်လာသည့်ရှောင်ဝေ့ရန်ကို ကြည့်လိုက်မိသည်။

ရှောင်ရန်ဟောက်ဟာ ဝိုင်းစက်နေကာပင်လယ်ပြာလို ကြည်လင်နေတဲ့ မျက်ဝန်းလေးများဟာ သူကို မော့ကြည့်လာပြီး ချယ်ရီသီးလို နီရဲနေတဲ့နူတ်ခမ်းလေးဟာ သူလုပ်ရပ်ပေါ် အံ့သြနေပုံရသည်၊အဲ့ပုံလေးက သူကို သိပ်အသည်းယားဖြစ်စေသည်၊

ဒါကြောင့် နီးကပ်စွာ ဆွဲယူလိုက်ပြီး
မေးရိုးလေးကို လက်နဲ့ဖိကာ ရှောင်ဝေ့ရန်မျက်နှာကိုအနီးဆွဲယူလိုက်တယ်၊နီရဲနေတဲ့နူတ်ခမ်းလေးရဲ့အောက်နူတ်ခမ်းလေးကို အားနဲ့ကိုက်ချလိုက်ပြီး သူရဲ့လျှာကို ပါးစပ်လေးထဲ အတင်းထိုးထည့်ကာ အထဲမှာ ငြိမ်သက်နေတဲ့လျှာလေးကို မွှေနှောက်လိုက်တော့သည်၊

ရှောင်ဝေ့ရန်တစ်ယောက် ကြောင်အနေရာမှ သူကို ဆွဲနမ်းလိုက်သော ရှောင်ရန်ဟောက်ကြောင့် ဒေါသထောင်းခနဲထွက်သွားကာ အတင်းရုန်းကန်ကြိုးစားလိုက်ပေမယ့် ဒီခန္ဓာကိုယ်ဟာ အခုမှ ချီစုဆောင်းခြင်း အဆင့်သာဖြစ်တဲ့အပြင် ဟိုဘက်က မိမိထက် အဆင့်ပိုမြင့်နေတာကြောင့် အားချင်းမယှဉ်သာပေ၊ သူရဲ့ပါးစပ်ထဲ မွှေနှောက်နေသော ယောကျာ်းတစ်ယာက်ရဲ့လျှာကို ရွံရှာနေတာထက် ဘာမှမလုပ်နိုင်သော သူရဲ့ဘဝကို ပိုစိတ်ကုန်မိသည်၊သူ့မှာ စွမ်းအားအနည်းငယ် ရှိခဲ့ရင် အနည်းဆုံးတော့ ကာကွယ်ခုခံနိုင်လိမ့်မည်။

[System: စာရေးဆရာရဲ့နောင်တတရား ပွင့်သွားတဲ့အတွက် အကူအညီ သုံးကြိမ်ရရှိသည်၊ဒါအပြင် ပျားလေးတွေကို ဆွဲဆောင်နိုင်ခြင်းဆိုတဲ့ Skillကိုပါ ရရှိသွားပါပြီ
တစ်ကြိမ်သုံးမလား ဆက်စားခံမှာလား စဉ်းစားဆုံးဖြတ်ပါ]

'ချီးကိုပဲ သုံးမှာပေါ့ကွ!!!!!'

[System: အရှိန်ကိုပျက်တယ်...]system 1998ဟာ တိုးတိုးလေးပြောလိုက်ပြီး အခွင့်အရေးကဒ်တစ်ကဒ်ကိုသုံးလိုက်သည်၊

"သခင်လေး (၇) ...သခင်ကြီးက ခန်းမဆောင်ကို လာဖို့ခေါ်လိုက်ပါတယ်" ခြံရှေ့ကနေ အစေခံတစ်ယောက်ရဲ့အားပြဲတဲ့အသံကြောင့် ရှောင်ရန်ဟောက်လည်း သတိပြန်ဝင်လာကာ သူရှေ့တွင် အမောတကောအသက်ရှူနေတဲ့ လှပတဲ့ကောင်လေးကို နှမြောစွာ ကြည့်လိုက်ပြီး မျက်နှာဖုံးကို ဆွဲယူကာ ကူဝတ်ပေးလိုက်သည်၊ထိုနောက် အဝတ်ဗီရိုရှေ့သွားကာ အဖြူဝတ်ရုံရှည်တစ်စုံကို ထုတ်လိုက်ကာ ရှောင်ဝေ့ရန်ကို ကူဝတ်ပေးလိုက်သည်၊ရှောင်ဝေ့ရန်ကတော့ ကြောင်တောင်တောင်လေးဖြင့် သူလုပ်ပေးသမျှကို ငြိမ်ခံပေးနေတာကြောင့် ရှောင်ရန်ဟောက် နူတ်ခမ်းတစ်ချက်တွန့်ကာပြုံးလိုက်ပြီး နူးညံ့တဲ့ဆံပင်လေးအချို့ကို နမ်းရှိုက်လိုက်တယ်။

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now