Chapter -26

13.9K 2K 90
                                    

Zawgyi

ယွမ်ရှန့်ပြောလိုက်သည့်အသံကြောင့် ရှောင်လျန့်စန်းဟာ လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပြီး ပြန်ဖြေလိုက်သည်၊

"ဟုတ်ကဲ့ အစ်ကိုယွမ်ရှန့်"

ထိုနောက် ရှောင်ကလန်ရဲ့ဒုတိယအကြီးအကဲတို့ဘက်လှည့်ကာ သူရဲ့သိုင်းဝိညာဉ်ကို ထုတ်ပြလိုက်တော့သည်၊ ရှောင်လျန့်စန်းရဲ့အနောက်တွေ ရွှေရောင်အလင်းများ တောက်ပလာပြီး ရွှေရောင်ပုဆိန်ကိုင်ဆောင်ထားသည့် အတောင်ပံခြောက်ဘက်နဲ့ ရွှေရောင်သံကျပ်ကာဝတ်ဆင်ထားသည့် နတ်ဘုရားတစ်ပါးဟာပေါ်ပေါက်လာတော့သည်၊ ထိုနတ်ဘုရားရဲ့မျက်နှာပေါ်တွင် ရွှေရောင်မျက်နှာဖုံးတပ်ဆင်ထားပြီး နဖူးပေါ်တွင် လင်းလက်တောက်ပနေသော ကြယ်ခုနှစ်လုံးသည် ခုနှစ်စင်ကြယ်ပုံသဏ္ဍာန်ဖြစ်နေသည်၊ ထိုနတ်ဘုရားရဲ့ ရင်ဘက်တွေတော့ ရှေးဟောင်းစာအချို့ရေးထိုးထားသည်၊

"အတောင်ပံခြောက်ခုပါတဲ့နတ်သား! ပြီးတော့ လက်နက်လည်းကိုင်ဆောင်ထားသေးတယ်!သူရဲ့နဖူးမှာ ဘာလို့ ခုနှစ်စင်ကြယ်ရေးထိုးထားရတာလဲ" ဒီလို အတောင်ပံပါတဲ့နတ်သားဝိညာဉ်တွေက ထျန့်လျန့်နယ်မြေမှာ မရှားပါးပေမယ့် လက်နက်ကိုင်ဆောင်ထားပြီး အတောင်ပံခြောက်ဖက်နဲ့နတ်သားကတော့ ထိုသို့မဟုတ်တော့ပေ၊ အတောင်ပံတွေက ထိုနတ်သားရဲ့အင်အားကိုပြသခြင်းဖြစ်သည်၊ဒါ ခရမ်းရောင်အဆင့်သိုင်းဝိညာဉ်ပဲ၊ အနိမ့်ဆုံးသတ်မှတ်ထားခြင်းဖြစ်သည်! အနက်ရောင်အဆင့်တောင်ဖြစ်နိုင်သေးသည်!

ယွမ်ရှန့်က အံ့သြနေတဲ့လေထုကို ဖြိုခွင်းလိုက်ပြီး ပြောလိုက်သည်၊

"အတောင်ပံခြောက်ခုပါတဲ့နတ်သား???ဟုတ်လား မှားတယ် မင်းတို့ ပစ်ပယ်လိုက်တဲ့ရှောင်လျန့်စန်းက ခုနှစ်စင်ကြယ်ရဲ့ဒုတိယမြှောက်ကြယ်ရဲ့ စစ်နတ်ဘုရားဆက်ခံသူပဲ"

"မဖြစ်နိုင်တာ...! ဒုတိယမြှောက်ကြယ်ရဲ့ ရွေးချယ်ခံရသူ !! ဒါ စစ်နတ်ဘုရားရဲ့ရွေးချယ်ခံရသူလို့ ဆိုလိုတာလား"ယွမ်ရှန့်ရဲ့စကားများကြောင့် ရှောင်အိမ်တော်က လူတွေအံ့အားထိတ်လန့်သွားကာ ရှောင်သခင်ကြီးနဲ့အကြီးအကဲတွေလည်း စတင်ကြောက်လန့်လာတော့သည်၊! ရှောင်သခင်ကြီးက သူပစ်ပယ်ထားသည့်ကိုယ်လုပ်တော်ရဲ့ သားနှစ်ယောက်လုံးဟာ ထိုသို့ ပါရမီပါနေမယ်လို့ မထင်ခဲ့ခြင်းဖြစ်ပြီး နောင်တရနေတော့သည်၊ထိုသားအမိသုံးယောက်ပေါ် သူဘယ်လိုဆက်ဆံခဲ့လဲဆိုတာ သူသာသိသည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now