Chapter - 28.2

13.6K 2.2K 156
                                    


Zawgyi

ဝမ်ဖေးရန် တောအုပ်ရဲ့အတွင်းပိုင်းထဲထိကို သတိနဲ့ကပ်ကာ ဝင်သွားရင်း ရုတ်တရက်ကြီးအမှောင်ကျသွားကာ သူရဲ့မြင်ကွင်းတစ်ခုလုံး အမှောင်တိဖုံးလွှမ်းသွားတော့သည်၊ ဝမ်ဖေးရန် ထိတ်လန့်သွားပေမယ့် သူရဲ့ခြေလှမ်းများကို ရပ်တန့်သွားခြင်းမရှိပဲ ဖြေးဖြေးချင်းသွားနေတော့သည်၊

'အော်သံက နီးလာပြီ'

[System: ...] <ငါ ဘာသံမှမကြားရပေမယ့် ဖေးဖေးကတော့ ကြားနေတယ်...ပြီးတော့ ဖေးဖေးနောက်ကပေါ်လာတဲ့ နတ်ဘုရားမကောပဲ...ငါ့ရဲ့ဒေတာစနစ်ထဲမှာ ရှာဖွေပေမယ့်... ကြည့်ရတာ အထက်ကို ငါဒီကိစ္စတင်ပြမှဖြစ်မယ်' လို့ ဥမဟာ ဝမ်ဖေးရန်နောက်ကို ကပ်လိုက်သွားတော့သည်၊

မဲမှောင်နေသည့်မြင်ကွင်းကနေ ရုတ်တရက်ကြီး လင်းထိန်သွားတာကြောင့် ဝမ်ဖေးရန် သူ့မျက်ဝန်းများစူးအောင့်သွားကာ မျက်လုံးကိုများမှိတ်ချလိုက်မိသည်၊ ထိုနောက် ပြန်ပြီး ဖြည်းဖြည်းလေးဖွင့်ကာ ကြည့်လိုက်တော့ ကျောက်စိုင်များနဲ့ဝန်းရံနေသည့် ထူးဆန်းသည့်နေရာတစ်ခုကို ရောက်နေသည်ကို သတိထားမိသည်၊ ထိုကျောက်စိုင်များရဲ့အလယ်တွေ မြစိမ်းကျာက်တိုင်ကြီးတည်ရှိနေကာ အခြားနေရာတွေထက် ပိုလင်းလက်တောက်ပနေသည်ကို တွေ့လိုက်ရတော့ သူအနည်းငယ်အံ့သြမိတာ အမှန်ပေ၊

နေရောင်ခြည်မတိုးပွေ့သည့်ဒီနေရာတွင် အလင်းရောင်ဘယ်ကနေ ရောက်လာသည်လည်းဆိုတာကို သဘောပေါက်သွားတော့သည်၊

သူဟာ ထိုကျောက်တိုင်အနီးလျှောက်လာပြီး ကျောက်တိုင်ပေါ်ရှိကျောက်များကို ကြည့်လိုက်သည်၊ လေးလေးနက်နက်စိုက်ကြည့်ရင်း ဝမ်ဖေးရန်ရဲ့မျက်နှာဟာ တဖြည်းဖြည်းမဲမှောင်လာပြီး Systemကို ပြောလိုက်သည်၊

'ဘာလို့ ငါနားမလည်တဲ့စာတွေပဲ ရေးထားနေကြတာလဲ! ...system ဖတ်ပြအုံး' ဝမ်ဖေးရန်ဟာ ဒုက္ခတွေ့မှ အမိ တ...အဲ ဥမကိုတတဲ့လူမျိုးကိုး၊

[System: အေး ဒီတစ်ခါတော့ အမှတ်ပေးမှရမယ် 10မှတ်]

'...နုတ်လိုက်ပါ' လို့ ပြောလိုက်ပြီးသည်နှင့် Systemဟာ ရှင်းပြလာတော့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now