Chapter - 14

16.6K 2.3K 154
                                    


Zawgyi

ကလန်ပြန်ရာ လမ်းတစ်လျှောက်လုံး အကြည့်နဲ့စစ်ဖြစ်နေတဲ့ မင်ထျန်းလော့နဲ့ရီယွမ်ရှန့်ကို ဝမ်ဖေးရန် လျစ်လျူရှုလိုက်ပြီး သူဟာ စကားလမ်းကြောင်းလွဲတဲ့အနေနဲ့ အပြင်လောကအကြောင်းကို မေးမြန်းလိုက်တော့သည်၊တစ်ကယ်လည်း သူသိချင်တာလည်းပါသည်၊ရီယွမ်ရှန့်ဟာလည်း သူဝမ်ဖေးရန်ကို စိတ်ရှည်ရှည်နဲ့ ရှင်းပြခဲ့သည်

"ကိုယ်တို့ ထျန်လျန့်နယ်မြေက ကုန်းတိုက်ကြီးရဲ့တစ်ရာခိုင်နှုန်းလာက်ပဲရှိသေးတယ်....ထျန်လျန့်နယ်မြေကို ထျန့်၊မင်၊ချင်၊လျောင်၊စစ်အင်ပါယာတွေက ခွဲပြီးအုပ်စိုးကျတယ် ထိုထဲမှာ ငရဲမီးတောက်ထျန့်ကျောင်းတော်၊ခုနှစ်ရောင်ချယ်သက်တံ့အပျိုစင်ကျောင်းတော် နဲ့ ရေခဲနန်းတော်တို့ကတော့ ထျန့်လျန်နယ်မြေရဲ့ ထိပ်တန်းကျောင်းတော်ကြီးတွေပေါ့"

"ရေခဲနန်းတော်က ကျောင်းတော်ကြီးပဲပေါ့ ကျွန်တော်ကြားဖူးတာ ရေခဲနယ်မြေရဲ့ဟိုးအအေးဆုံးဒေသမှာ တည်ရှိတာဆို..."

"ဟုတ်တယ် နှစ်တိုင်း ထျန်လျန့်နယ်မြေမှာ ရေခဲစွမ်းအင်နဲ့မွေးဖွားလာပြီး အပြာရောင်အဆင့် လူငယ်တွေအတွက်တော့ ရေခဲနန်းတော်က အနာဂတ်ကြီးပဲလေ ရေခဲနန်းတော်ကကျောင်းသားတွေက တကယ့်ပါရမီရှင်တွေကြီးပဲ...သူတို့ကယှဉ်ပြိုင်ရခက်တာတော့အမှန်ပဲ" ရီယွမ်ရှန့်ဟာ ပြုံးကာ ရှင်းပြလိုက်သည်၊

'ဝိုး...အဲ့လောက်တောင် တော်ကျတယ်ပေါ့၊ငါကျတော့ ရေစွမ်းအင်ကြီး!' ခေါင်းလေးတညိတ်ညိတ်နဲ့ထောက်ခံနေတဲ့ဝမ်ဖေးရန်ရဲ့အားကျနေသည့် အမာအရာကြောင့် မင်ထျန်းလော့မျက်မှောင်ကြုတ်သွားပြီး ခနဲ့သည့်လေသံဖြင့်

"ဟက် သူတို့တော်တာတော့ လက်ခံတယ်...ဒါပေမယ့် ကိုယ့်ကို နိုင်တဲ့သူထွက်မလာသေးဘူး" လို့် မင်ထျန်းလော့ပြောလိုက်သည်၊မင်ထျန်းလော့မျက်ဝန်းများကလည်း ဝမ်ဖေးရန်ဆီ ရောက်နေကာ ထိုအမျိုးသားလေးရဲ့ လေးစားအားကျသည့်အကြည့်များ ရရှိရန် မျှော်လင့်နေတော့သည်၊

မြွေမြွေချင်း ခြေမြင်သလို ရီယွမ်ရှန့်ကလည်း အပြုံးလေးဖြင့် မင်ထျန်းလော့ကို မေးမြန်းလာတော့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now