Chapter-75

4.3K 730 5
                                    

Zawgyi

အန်းရှကောင်းကင်ဂိုဏ်းဟာ တောင်တန်းတွေကြားမှာ တည်ထောင်ထားတာကြောင့် ထိုနေရာကို သွားရန် နေ့တစ်ဝက်လောက်ကြာမြင့်သည်။ဝမ်ဖေးရန်ရောက်သွားသည့်ချိန်မှာ ညအခါပင် ရောက်နေပြီး မှောင်မဲကာ ကြယ်များနဲ့လှပစွာ ဆင်ယင်ပေးခဲ့ရသည့်ကောင်းကင်ကြီးကြောင့် ဝမ်ဖေးရန်ဟာ မငေးကြည့်ပဲ မနေနိုင်ပေမယ့်၊သူတို့ဆီ ဒီလိုလှပသည့်မြင်ကွင်းဟာ တကယ်ကိုရှားပါးလှသည်ကိုး၊

"ဖေးရန် မကြာခင်ရောက်တော့မယ် ခဏသည်းခံနော်" သားရဲငှက်ကြီးပေါ်မှာ လူနေလို့ရအောင် အခန်းကျဉ်းလေးတစ်ခန်းသာ ပါဝင်ပြီး ပြတင်းပေါက်တွေဟာလည်း အလုံမပိတ်ထားတာကြောင့် ရီယွမ်ရှန့်မှာ ဝမ်ဖေးရန် အေးမည်ကို စိုးရိမ်နေတော့သည်။

"ဟုတ် ယွမ်ရှန့်" ဝမ်ဖေးရန် နာခံစွာခေါင်းညိတ်လိုက်ပြီး သူ့ကိုခြုံပေးထားသည့်ရီယွမ်ရှန့်ခြုံလွှာအောက်ကနေ နေကာ၊ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်ရင်း တိုက်ခတ်လာသည့်လေညှင်းတွေ မခံယူဘဲမနေနိုင်ပေ၊ဒါပေမယ့် အေးစိမ့်စိမ့်လေများကြောင့် ပုဝါအောက်က သူ့နှာခေါင်းလေးပင် နီရဲနေလောက်ပြီဟု ထင်မိသည်။

သားရဲငှက်ဟာ တောင်တန်းတွေကြားဆင်းသက်ကာ အရှိန်လျော့သွားချိန်မှာ သူရောက်ပြီဆိုတာ သဘောပေါက်သွားတော့သည်။

သားရဲငှက်မြေပြင်ပေါ်ဆင်းသက်လိုက်သည့်အခါမှာတော့ ရီယွမ်ရှန့်ဟာလည်း မတ်တပ်ထရပ်လိုက်ပြီး သူဟာ ဖေးရန်ကို လက်ကမ်းလိုက်သည်။

"လာ ကိုယ်မင်းကို နားဖို့ စီစဉ်ပေးမယ်"

ရီယွမ်ရှန့်ဟာ သူရဲ့လက်ဖဝါးပေါ်ရောက်လာသည့် သေးကာသွယ်လျသည့်လက်လေးကို အသည်းတယားကြည့်ရင်း ထိုလက်ဖဝါးလေးကို ဖွဖွလေးညှစ်လိုက်ပြီး ဖေးရန်ကို ကူကာ သားရဲငှက်ပေါ်ကနေ ဆင်းသက်လာတော့သည်။

"ဂိုဏ်းတူညီငယ် ပြန်လာပြီပေါ့" သူတို့ မြေပေါ်ဆင်းသက်ချင်းချင်းမှာပဲ ချိုအီသည့်မွှေးရနံ့နဲ့အတူ ရီယွမ်ရှန့်နားကပ်ရန် ကြိုးစားလာသည့်အိုမီဂါကြောင့် ဝမ်ဖေးရန်ပင် မှင်သက်သွားတော့သည်။ဒီအုန်းရနံ့နဲ့ပျားရည်ရောနှောထားသလို အနံ့က ဥမပြောနေကျ အိုမီဂါတစ်ယောက် အယ်လ်ဖာကို မြူဆွယ်သည့်အခါ ထွက်သည့်ရနံ့ဆိုတာလား၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now