Chapter-55

8.5K 1.4K 115
                                    

Zawgyi

နှစ်ရက်မြောက်နေ့ထိ သူဟာ ရေကန်ထဲမှာပဲ လေ့ကျင့်နေခဲ့ပြီး ဒီချူံးအဆင့် အလွှာသုံးထိကို ဝင်ရောက်လာတော့သည်၊ဒါတောင် သူဟာ စစ်လုံဟန်ရှိနေတာကြောင့် နတ်ဘုရားမပုံရိပ်ကို မထုတ်သုံးခဲ့ခြင်းဖြစ်သည်၊တစ်ကယ်လို့ ထုတ်သုံးပြီး ကျင့်ကြံခဲ့မယ်ဆိုရင် အလွှာလေးထိကို ရောက်နိုင်သည်၊

ချီစွမ်းအင်တွေ ပါးလာပြီးနောက်မှာ ဝမ်ဖေးရန်မျက်ဝန်းများဖွင့်လာတော့သည်၊သူရဲ့ပတ်ဝန်းကျင်သည် မြူခိုးများဟာ မရှိတော့သလို ခံစားရပြီး စစ်လုံဟန်ကလည်း အနီးရှိသစ်ပင်ခြေရင်း မှီရင်း သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်၊

ဒါကြောင့် ဝမ်ဖေးရန်ဟာ ရေထဲကနေ ကုန်းပေါ် ပြန်တက်လာရင်း ရုတ်တရက်ကြီး မျက်နှာလွဲသွားသည့် စစ်လုံဟန်ကြောင့် ကြောင်အသွားတော့သည်၊ဒါပေမယ့် သူက ရှည်ရှည်ဝေးဝေးမတွေးတောမနေတော့ဘဲ သူ့သိုလှောင်ဆွဲကြိုးထဲက အဝတ်အချို့ကိုထုတ်ကာ ဝတ်ဆင်လိုက်ပြီးနောက်မှာတော့ စစ်လုံဟန်အနီးကို လျှောက်လှမ်းသွားကာ ထိုင်မလို့ရှိသေးသည်၊

"ခဏ" လို့ အသံထွက်လာပြီးနောက်မှာ စစ်လုံဟန်ဟာ သူရဲ့အနက်ရောင်ခြုံလွှာကို မြေပြင်ပေါ်လွှားလိုက်ရင်း ထိုပေါ်ကို ပုတ်ပြလိုက်ရင်း ထိုင်ရန်အမူအရာပြလိုက်သည်၊ဝမ်ဖေးရန်ဟာလည်း ငြင်းမနေတော့ပဲ ထိုင်လိုက်ရင်း သူသိချင်သည့်စကားကို မေးရန် စစ်လုံဟန်ဘက်ကို လှည့်လိုက်ချိန်မှာ သူ့ကိုစိုက်ကြည့်နေသည့် အနက်ရောင်မျက်ဝန်းတစ်စုံရယ်၊အရမ်းနီးကပ်လွန်းတာကြောင့် ခန့်ညားကာငယ်ရွယ်သည့်စစ်လုံဟန်မျက်နှာကို အနုစိတ်မြင်နေရသည်၊ဘယ်လောက်အနုစိတ်မြင်နေလည်းဆိုရင် မျက်လုံးအထပ်ကမျက်တောင်မွှေးများကိုပင် တစ်ချောင်းချင်းစီတွေ့နေရသည်၊တစ်ဖက်လူရဲ့လေရှူပြီထုတ်လွင့်လိုက်ချိန်မှာ လေပူဟာ သူ့နဖူးနားကို ရိုက်ခတ်လာတာကြောင့် အနာက်ကိုအမြန်ဆုတ်လိုက်ရင်း

"မင်း ဘာလုပ်တာလဲ!" လို့အလန့်တကြား ပြောလိုက်တော့ စစ်လုံဟန်ဟာ ခပ်တိုးတိုးရယ်လိုက်ရင်း

"ကိုကို့ကို ကြည့်နေတာလေ"

"ကြည့်ရင်လည်း အရမ်းကပ်မကြည့်နဲ့လေဟ "

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now