P_26 (Uni)

13.2K 1.8K 348
                                    

နားထဲမှာ စကားပြောသံခပ်တိုးတိုး ကြားနေရတယ်။ ညကပင်ပန်းထားတာမို့ ကျွန်တော်မထချင်သေးဘူး။ အဲ့ဒါကြောင့် မျက်လုံးမဖွင့်ဘဲ အသံကိုအာရုံစိုက်ပြီး နားထောင်ကြည့်လိုက်တော့ ထူးအောင်အသံဖြစ်နေတယ်။ မနက်စောစောစီးစီး ဘယ်သူနဲ့စကားပြောနေတာလဲ။ ကျွန်တော်မျက်လုံးဖွင့်ပြီး ကြည့်လိုက်တယ်။ ထူးအောင်က ကျွန်တော့်ရင်ခွင်ထဲမှာမို့ ကျွန်တော့်မျက်နှာကို မမြင်ရဘူး။ အဲ့ဒါကြောင့် ကျွန်တော်နိုးနေတာကို သူမသိဘူး။

ထူးအောင်က ဖုန်းပြောနေတာ။ အသံက တကယ်ကိုတိုးတိုးလေးပဲ။ ဘယ်သူနဲ့များပြောနေတာမို့ ဒီလောက်တောင်တိုးနေရတာလဲ။ ကျွန်တော်မျက်လုံးတွေပြန်မှိတ်ပြီး ယောင်သလိုလိုဘာလိုလိုနဲ့ ထူးအောင်ကို အပေါ်ဆွဲတင်လိုက်တယ်။ ကျွန်တော်တို့နှစ်ယောက်လုံး အဝတ်အစားတွေ ကပ်မနေကြတာကြောင့် အသားချင်းကထိကပ်နေတယ်။ ထူးအောင်အသားကိုထိတော့ ညကအကြောင်းကို ပြန်တွေးမိပြီး ကြည်နူးလာတယ်။ မင်္ဂလာဦးညကို ဖြတ်သန်းပြီး နိုးထလာတဲ့ခံစားချက်က ဒီလိုမျိုးလေးထင်တယ်။ တစိမ့်စိမ့်နဲ့ကျေနပ်နေတာမျိုး။

ထူးအောင်ဆီကနေ အမေလို့ခေါ်သံကြားလိုက်တာမို့ သူ့အမေနဲ့ပြောနေတာထင်တယ်။ သူ လွတ်လွတ်လပ်လပ် ပြောပါစေဆိုပြီး ကျွန်တော်အိပ်ချင်ယောင် ဆောင်နေလိုက်တယ်။ ထူးအောင်ကမေးနေတာ။ သုံးရက်လောက်ဝမ်းချုပ်ချင်လို့ ဘာတွေစားရမလဲတဲ့။ ဟိုဘက်ကနေ ဘာဖြစ်လို့လဲ ဘာညာပြန်မေးနေတာထင်တယ်။ ဘာမှမဖြစ်ပါဘူး ဒီတိုင်း အိမ်သာမတတ်ချင်လို့ပါတဲ့ ထူးအောင်ကပြန်ဖြေလိုက်တယ်။ နောက်တော့ ဟိုဘက်ကပြောပြနေတာထင်တယ်။ ထူးအောင်တစ်ယောက် တစ်ဟုတ်ဟုတ်နဲ့။ ခဏနေတော့ အမေကျန်းမာရေးဂရုစိုက်နော်ဘာညာဆိုပြီး ဖုန်းကိုချတယ်။

အိပ်ချင်ယောင်ဆောင်နေတဲ့မျက်လုံးတွေကို ကျွန်တော်ဖွင့်လိုက်တယ်။ ထူးအောင်နဖူးလေးကို အနမ်းပေးတော့ သူကျွန်တော့်ကိုမော့ကြည့်တယ်။ ဝမ်းလျှောနေလို့လား၊ ဘာလို့ ဝမ်းပိတ်စာတွေမေးနေတာလဲလို့ ကျွန်တော်မေးလိုက်တော့ ဖင်ကနာနေတယ်လေ အီးပါရင်နာနေမှာမို့ သုံးရက်လောက် ဝမ်းချုပ်နေဖို့လိုတယ်တဲ့ ထူးအောင်ကပြန်ဖြေတယ်။ အဲ့လိုကြားရတော့ ကျွန်တော်အတော်လေး စိတ်မကောင်းဖြစ်သွားတာကြောင့် ထူးအောင်ကိုပိုတိုးပြီး ဖက်ထားမိတယ်။ ကျွန်တော့်ကြောင့် သူနာနေရပြီ။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now