Extra P_1 (Uni)

12.2K 1.8K 180
                                    

ဘာလိုလိုနဲ့ ကျွန်တော်တို့အိမ်ထောင်သက်တမ်းတောင် (၆)နှစ်ရှိလာခဲ့ပြီ။ ကျွန်တော်လည်း အဖေတို့ရုံးမှာ အလုပ်ဝင်နေတာ အခုဆိုအထိုင်တောင်ကျနေပါပြီ။ ထူးအောင်ကိုကျွန်တော့်အနားခေါ်ပေမယ့် သူကမလာ။ ဘဲမွေးဖို့ကိုပဲ စိတ်အားထက်သန်နေတယ်တဲ့။ သူ ဘဲမွေးနေတာ နှစ်နှစ်ရှိပြီဆိုပေမယ့် သူစမ်းသပ်ချင်တဲ့ဟာကိုတော့ အခုထိအကောင်အထည်မဖော်နိုင်သေးဘူး။ ရည်ရွယ်ချက်က မိတ်မလိုက်ဘဲ ဥဘယ်လိုဥလဲစမ်းသပ်ဖို့ဆိုပေမယ့် သူမွေးထားတဲ့ ဘဲအရေအတွက်က နည်းနည်းနောနောမဟုတ်။ များတော့ သူတစ်ယောက်တည်းလည်း မနိုင်။ အလုပ်သမားခေါ်ဆိုတော့လည်း မခေါ်။ ကြာတော့ ကျွန်တော်ကမကြည်ရက်။ အဲ့တာနဲ့ ကိုယ့်ဘာကိုယ်လူရှာပြီး ပေးလိုက်ရတယ်။ အလုပ်သမားတွေရောက်လာတော့ သန့်ရှင်းရေးလုပ်ဘာလုပ်နဲ့ စီးပွားဖြစ် ဘဲမွေးမြူရေးခြံလိုမျိုး ဖြစ်သွားတယ်။ ဘဲတွေကလည်း ဥသလားမမေးနဲ့။ ထားမနိုင်လို့ ပြန်ရောင်းပြစ်ရတဲ့အထိပဲ။ အခုဆို သူ့ဖောက်သည်နဲ့သူကို ဟုတ်နေတာပဲ။ ပြောသလောက်ကြီး ဝင်ငွေမများပေမယ့် သူလုပ်ချင်တယ်ဆိုတော့လည်း လုပ်ပါစေပေါ့။ သူပင်ပန်းနေတာသိပေမယ့် ပျော်နေတယ်ဆိုတော့လည်း မတားရက်ဘူး။

အလုပ်နေရာချင်း မတူပေမယ့် ထူးအောင်က ကျွန်တော့်ကားနဲ့ပဲ အတူတူလိုက်တယ်။ မနက်ဆို သူ့ကို'ဘဲ'ခြံဝင်ပို့။ ပြီးမှ ကျွန်တော်က အလုပ်သွား။ ညနေဆို ဝင်ခေါ်။ ပြီးရင်အတူတူပြန် အဲ့လိုမျိုး။

ဒီနေ့ အပြန်မှာတော့ ထူးအောင်တစ်ယောက် ဘာဖြစ်နေလဲမသိဘူး။ မျက်နှာလည်းမကောင်းဘူး။ အရမ်းကိုဖျော့တော့လို့။ မျက်လုံးတွေကလည်း ငိုထားသလိုမျိုး မို့အစ်နေတယ်။ ဘာဖြစ်လို့လဲ နေမကောင်းဘူးလားလို့ မေးကြည့်တော့လည်း ကောင်းပါတယ်ပဲ ပြန်ဖြေပြီး မျက်လုံးတွေကိုမှိတ်လိုက်လာတယ်။ ထပ်မေးချင်ပေမယ့် သူအနားယူပါစေဆိုတဲ့စိတ်နဲ့ ဘာမှမမေးဖြစ်တော့။

အိမ်ရောက်တော့လည်း ခါတိုင်းလို ကျွန်တော်နဲ့ ရေအတူတူမချိုး။ မင်းအရင်ချိုးနှင့်ဆိုပြီး သူကတော့ ခုတင်ပေါ်မှာဝင်လှဲနေတယ်။ ကျွန်တော် သူ့နဖူးကို သွားစမ်းကြည့်တော့ "ဘာမှမဖြစ်ဘူး ငါနည်းနည်းပင်ပန်းလို့ပါ"တဲ့ ပြောပြီးမျက်လုံးတွေမှိတ်သွားပြန်တယ်။ ဘာဖြစ်နေတာလဲကွာ။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now