P_29 (Zawgyi)

5.5K 475 53
                                    

ဗိုက်ဆာတာနဲ့ အတန်းထဲအရင်မဝင်သေးဘဲ ကန်တင်းမှာ တစ်ခုခုဝင်စားဖြစ်တယ်။ လူအတော်များများက ကျွန်တော်တို့ကို ကြည့်နေကြတယ်။ တချို့က ခပ်လှမ်းလှမ်းကနေ စောက်ခြောက်တွေ ရွံစရာကောင်းလိုက်တာဘာညာဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေကို ကျွန်တော်တို့ကြားအောင် တမင်ပြောနေကြတယ်။ အခုခေတ်မှာ အဲ့လိုပြောမယ့်လူမျိုးတွေ မရှိလောက်တော့ဘူးလို့ ထင်ထားပေမယ့် ရှိနေကြသေးတာပဲ။ ရှိလည်း ဂရုမစိုက်ပါဘူး။ ပြောချင်ရာ ပြောကြပါစေ။ ခပ်တည်တည်ပဲ ကျွန်တော့်အတွက် ရှမ်းခေါက်ဆွဲနဲ့ ထောပတ်သီးဖျော်ရည်မှာပြီး မောင်ထူးအတွက် ဆီချက်ခေါက်ဆွဲနဲ့ သံပုရာရည်ကို အကျယ်ကြီး အော်ပြီးမှာပေးလိုက်တယ်။

မောင်ထူးက သူ့ကြောင့် အခုလိုမျိုး အပြောခံရတယ်ဆိုပြီး ကျွန်တော့်ကို အားနာနေတာ ထင်ပါရဲ့။ မဝံ့မရဲနဲ့ ခိုးခိုးကြည့်နေတယ်။ "ဘာဖြစ်နေတာလဲ" ကျွန်တော်မေးလိုက်တော့ "တောင်းပန်ပါတယ်"တဲ့ ဝမ်းနည်းနေတဲ့ပုံစံနဲ့ ပြန်ပြောတယ်။ ဘာအတွက်လဲလို့ ကျွန်တော် ပြန်မေးလိုက်တော့ ငါ့ကြောင့် မင်းပါ အပြောခံနေရပြီတဲ့လေ။ တကယ်ပါပဲ။ ဒီကောင်ကတော့။ တစ်ခါတလေကျရင် မောင်ထူးက အရမ်းပိန်းလွန်းတယ်။ ဒါနဲ့များ ကျွန်တော့်ဦးနှောက်ထဲ ဝင်နေချင်သေးတယ်ဆိုပဲ။ သူသာ ဝင်နေလိုက်လို့ကတော့ ဘာမှကို သုံးစားလို့ရမှာ မဟုတ်တော့ဘူး။

"ငါပြောမယ် မောင်ထူး...ငါသူတို့ထဲကနေ တစ်ပြားတစ်ချပ်မှ မရဖူးဘူး...သူတို့ထဲကမှမဟုတ်ဘူး ဟော်ဒီကျောင်းမှာတတ်နေကြတဲ့ လူတွေအကုန်လုံး မင်းကလွဲရင် ဘယ်သူ့ထဲကမှ ဘာမှမရဖူးသလို ယူလည်းမယူဖူးဘူး... သူတို့အပြစ်ပြောသမျှ လိုက်ခံစားနေရအောင် ငါကသူတို့မျက်နှာကြည့်ပြီး နေရမယ့်ကောင်မဟုတ်ဘူး...သူတို့ကျွေးမှ စားရတဲ့ကောင်မဟုတ်ဘူး...အရင်ကလည်း ငါ့အပေါ်ကျေးဇူးမရှိခဲ့သလို နောင်လည်းကျေးဇူးရှိလာမှာ မဟုတ်တဲ့ကောင်တွေအတွက် အချိန်ကုန်ခံပြီး လိုက်ခံစားနေရအောင် ငါကသူတို့ကျွန် မဟုတ်ဘူး...သူတို့ရွံစရာလို့ပြောတာနဲ့နာရအောင် ငါနဲ့မင်းက လူကြားထဲမှာ လူအမြင်မတော်တာတွေ လုပ်နေကြတာမဟုတ်ဘူး...ငါ့အကြောင်း မင်းသိပါတယ် ငါကပတ်ဝန်းကျင်ကို ဂရုစိုက်တတ်တဲ့ လူမျိုးမဟုတ်ဘူး...အဲ့တာကြောင့် ကိုယ့်အတွက် အသုံးမဝင်တဲ့ ကေသီပန်လိုလူမျိုးတွေက ပြောတာကို ဘာမှစိတ်မကောင်းဖြစ်မနေနဲ့...ကြားလား"

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now