P_11 (Uni)

14.8K 2.2K 577
                                    

အမေကပြောတယ်၊ ဘဝမှာလွတ်လပ်ပြီး ပျော်စရာအကောင်းဆုံးအချိန်က တက္ကသိုလ်တက်နေရတဲ့အချိန်တဲ့။ တက္ကသိုလ်ရဲ့ အရသာကို လွတ်လွတ်လပ်လပ်ခံစားသင့်တယ်တဲ့။ အဲ့ဒါနဲ့ ကျွန်တော်အဆောင်ရောက်လာခဲ့တယ်။ တက္ကသိုလ်ကျောင်းသားတွေအများဆုံးနေတဲ့အဆောင်ပေါ့။

အဆောင်က နှစ်ယောက်တစ်ခန်းနေရတယ်။ အခန်းကကျဉ်းပေမယ့် အဆင်ပြေပါတယ်။ ကျွန်တော်နဲ့အတူနေရမယ့် အခန်းဖော်က ထူးအောင်တဲ့။ သူကအနေအေးတယ်။ စာတော်ကျောင်းသားထင်ပါရဲ့ စာအရမ်းလုပ်တယ်။

ဒါတွေက ကျွန်တော်အပိုတွေပြောနေတာပါ။ တကယ်က ထူးအောင်ကို သိတာ ကိုးတန်းကတည်းက။ ထူးအောင်ကတော့ မသိဘူးပေါ့။ ကျွန်တော်ကပဲ သိနေတာ။ အဆောင်ကို ရောက်လာတယ်ဆိုတာကလည်း သူ့ကြောင့်ပဲ။ အခန်းတူတူကျတာကလည်း အကွက်ချထားတာ။

အဲ့နေ့တုန်းက ကိုဇော်ဇော်က ကျောင်းလာကြိုဖို့နောက်ကျနေခဲ့တယ်။ ကျွန်တော် ကျောင်းပေါက်ဝမှာ ထိုင်ပြီး လာကြိုမယ့်အချိန်ကို စောင့်နေလိုက်တယ်။ တဝှီဝှီဖြတ်သွားတဲ့ ကားတွေကိုကြည့်ပြီး ကားနဲ့တိုက်ရင် ဘယ်လိုခံစားချက်ဖြစ်မလဲလို့ စဉ်းစားနေတယ်။

ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းကနေ အသံတစ်ခုထွက်လာတယ်။ ကောင်လေးတစ်ယောက်က ပြောင်ဖူးပြုတ်နှစ်ဖူးကို အောက်ပစ်ချလိုက်တာ။ အဲ့ဒါကိုမြင်တဲ့ တခြားကောင်လေးတစ်ယောက်က အော်လိုက်တယ်။ လမ်းမှာဘာလို့အမှိုက်ပစ်တာလဲ။ အမှိုက်ပုံးထဲထည့်တဲ့။ ဟိုကောင်က ဂရုမစိုက်ဘူး။ ဘာမှမပြောဘဲ လှည့်ထွက်သွားတယ်။ အော်တဲ့တစ်ယောက်က စိတ်တိုတိုနဲ့ ဟိုကောင်ပစ်သွားတဲ့ ပြောင်းဖူးပြုတ်ကို ထကောက်လိုက်တယ်။

ပြောင်းဖူးပြုတ်က နှစ်ဖူး။ ကျွတ်ကျွတ်အိတ်နဲ့ထုပ်ထားတယ်။ ပြောင်းဖူးဖက်တွေ အကုန်မခွာပဲ ပြုတ်ထားတာမို့ အတွင်းကိုမမြင်ရဘူး။ အဲ့ကောင်လေးက ပြောင်းဖူးကိုကောက်ပြီး အတွင်ကိုဖြဲကြည့်နေတယ်။ အတွင်းက လုံးဝအကောင်းတိုင်းပဲ။ ဘာမှပေပွမနေဘူး။

"မိဘပိုက်ဆံထိုင်ဖြုန်းနေကြတာ.... စားလို့ရတာကြီးကိုလွှင့်ပစ်နေတယ်... ကျေးဇူးမသိတတ်တဲ့သားမိုက်တွေ...ကြည့်လို့ကိုမရဘူး"

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now