P_14 (Uni)

13.7K 2.1K 516
                                    

ရန်ကုန်ကနေ ည(7)နာရီမှာ စထွက်လာတာ။ စစ်ကိုင်းကားကြီးကွင်းကို မနက်လေးနာရီကျော်ကျော်လေးမှာရောက်တယ်။ ဧည့်သည်တွေပါလာတယ် လာကြိုကြဆိုပြီးဖုန်းဆက်ထားတာမို့ ရွာကသူငယ်ချင်းတွေက ရောက်နှင့်နေကြပြီ။ ကျွန်တော်တို့က သုံးယောက်မို့ ဆိုင်ကယ်သုံးစီးလာကြိုတယ်။ မောင်ထူးက ကျွန်တော်နဲ့အတူတူစီးချင်တယ်လို့ဂျစ်တယ်။ အဲ့ဒါနဲ့ ကျွန်တော်နဲ့မောင်ထူးက တစ်စီးဖြစ်သွားတယ်။ ကျွန်တော်ကအရှေ့ကမောင်း၊ မောင်ထူးကအနောက်ကထိုင်။

မောင်ထူးက အနောက်ကနေ ကျွန်တော့်ခါးကိုဖက်ပြီးလိုက်လာတယ်။ အစကတွေးထားတာ ကျွန်တော်တို့ကိုလာကြိုတဲ့ကောင်တွေထဲက ဆိုင်ကယ်အကျွမ်းဆုံးကောင်နောက်ကနေ ကျွန်တော်လိုက်မယ်လို့။ ဒါမှ ဆိုင်ကယ်လဲမှာတွေ ဘာတွေမဖြစ်မှာ။ အခုတော့ မောင်ထူးဂျစ်တာနဲ့ ကိုယ်တိုင်မောင်းနေရတယ်။ ပြီးတော့ မောင်ထူးနဲ့အတူ ဆိုင်ကယ်စီးရတာလည်း စိတ်မရဲဘူး။ မတော်လို့ ဆိုင်ကယ်ဘီးထဲ ခြေထောက်ထည့်လိုက်မှဖြင့် ကျွန်တော်ပါ မသာပေါ်နေမယ်။ အဲ့ဒါနဲ့ ဆိုင်ကယ်ဘီးထဲခြေထောက်ထည့်ဖို့ တွေးမနေနဲ့နော် ငါမသေချင်သေးဘူးဆိုပြီး သတိပေးလိုက်တော့ မောင်ထူးကရယ်တယ်။

နာရီဝက်လောက်မောင်းပြီးတော့ ရွာကိုရောက်တယ်။ အမေက ထမင်း၊ဟင်းတွေချက်နေပြီ။ ကျွန်တော်တို့ကတော့ မျက်နှာသစ်ပြီး အိပ်ပစ်လိုက်ကြတယ်။ နေ့လယ် (11)နာရီထိုးမှ နိုးတယ်။ ကျွန်တော်နိုးတော့ မောင်ထူးတို့က အိပ်တုန်းရှိသေးတယ်။ ထမင်းစားချိန်လည်းရောက်နေပြီမို့ သူတို့ကိုပါနှိုးလိုက်တယ်။

ဧည့်သည်တွေပါလို့ထင်ပါတယ် အမေဟင်းချက်ထားတာ ရှယ်ပဲ။ ကျွန်တော်အရမ်းကြိုက်တဲ့ ငါးရေကျိုချက်ပါတယ်။ ဝက်သားသုံးထပ်သားချက်၊ ငရုတ်သီးငံပြာရည်ချက်၊ အတို့အမြုပ်၊ အချဉ်သုပ်။ စုံလို့။ မောင်ထူးနဲ့ ကိုဇော်ဇော်က ဇွန်း၊ခရင်းနဲ့စားနေကျဆိုပေမယ့် အိမ်မှာတော့ ဇွန်းပဲရှိတာမို့ ဇွန်းနဲ့ပဲစားခိုင်းလိုက်ရတယ်။ ကျွန်တော်ကတော့ ရောက်တုန်းရောက်ခိုက် အမေ့လက်ရာကို လက်နဲ့အားရပါးရစားပစ်မယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now