Extra_5 (uni)

9.7K 1.5K 266
                                    

"Paris မြို့ရဲ့ ဤမြေပေါ်
မောင်ထူးနဲ့မို့ ပျော်တယ်နော်...
စားချင်တာတွေ အကုန်စား
မောင်ထူးက ရှင်းထား...

နောက်နေ့ရောက်တော့ Eiffel ပေါ်
မောင်ထူးလေးက သိပ်သိပ်ခေါ်
စိတ်ချမ်းသာအောင် လိုက်လို့သွား
မောင်ထူးလေးပြုံးထား...

ညဘက်ရောက်တော့ ဟိုတယ်မှာ
မရှလူးဘဲ ထိန်းကြကာ...
ပေါင်မုန့်ရှည်ကြီး ယှဉ်ပြိုင်စား
ထူးအောင်လေးနိုင်သွား...

သုံးရက်မြောက်တော့ ပြန်လာတာ
နေရတာလည်း မပျော်ပါ
မောင်ထူးငှါးတဲ့ ဟိုတယ်များ
သရဲခြောက်တာတအား..."

ထူးအောင်ရဲ့ မှတ်တမ်းစာအုပ်ကို စလှန်လှန်ချင်း မြင်လိုက်ရတဲ့ ကဗျာလေး။ ဒီကဗျာလေးကို မြင်တော့ ကျွန်တော်မပြုံးဘဲမနေနိုင်ခဲ့။ Paris မြို့ကို အလည်သွားဖြစ်တုန်းက ထူးအောင်စပ်ထားတဲ့ ကဗျာလေး။ အခုပြန်ဖတ်မိတော့ အဲ့အချိန်တွေကိုတောင် ပြန်ပြီးသတိရလာပြီ။

အဲ့တုန်းက ထူးအောင်က မလိုက်ချင်ဘူး။ ကျွန်တော်ကသာ အားလပ်ရက်မှာ ပြင်သစ်ကိုအလည်အပတ်သွားရအောင်ပါဆိုပြီး ဇွတ်ခေါ်ခဲ့တာ။ ဟိုရောက်တော့ Hotel မှာ အထုပ်တွေဘာတွေချပြီး ထူးအောင်က အိပ်ပါလေရော။ အပြင်သွားကြရအောင်ကွာဆိုလည်း ဘယ်လိုမှခေါ်လို့မရ။ နောက်တော့ မစားဖူးတဲ့အစားအစာတွေ သွားပြီးစားကြည့်ကြရအောင်လို့ခေါ်မှ ထပြီးလိုက်လာတယ်။

အပြင်ရောက်တော့ ကျွန်တော်တို့ဆီမှာ မမြင်ဖူးတဲ့ အစားအစာမျိုးတွေကို လျှောက်ပြီးမြည်းစမ်းကြည့်ဖြစ်ကြတယ်။ ထူးအောင်က ဘာနေနေ မကောင်းဘူး မကောင်းဘူးချည်းပဲပြောပြီး ပါးစပ်ထဲအကုန်လျှောက်ထည့်နေတယ်။ မကြိုက်ရင်မစားနဲ့ ကြိုက်တဲ့ဟာကိုပဲစားပါလို့ ကျွန်တော်ပြောတော့လည်း လက်မခံဘူး။ အရသာသိအောင်လို့တော့ အကုန်စားကြည့်ရမှာပဲတဲ့။

Hotel ပြန်ရောက်တော့ သူ့မှာ ဗိုက်တွေတအားလေးပြီး အတော်လေး နေမသာထိုင်မသာ ဖြစ်နေတာကိုတွေ့ရတယ်။ ရေတောင်မချိုးနိုင်ရှာဘူး အပြင်ကပြန်ရောက်တာနဲ့ တန်းအိပ်တော့တာပဲ။

ပြဿနာက ညလယ်ခေါင်မှာစတယ်။ ထူးအောင်က အိပ်နေရင်းနဲ့ ထလာပြီး ဒီအခန်းထဲမှာ သရဲရှိတယ်လို့ပြောတယ်။ ကျွန်တော်က မယုံဘူး။ အိပ်ရာပြောင်းလို့ စိတ်ထင်တာနေမှာပါကွာလို့ပြောပြီး ထူးအောင်ကိုပြန်ချော့သိပ်လိုက်တယ်။ ထူးအောင်က ပြန်မအိပ်ဘူး။ တကယ်သရဲရှိနေတယ်လို့ ထပ်ပြောတယ်။ မယုံရင် အာရုံစိုက်ပြီး နားထောင်ကြည့်တဲ့။ အဲ့ဒါနဲ့ အာရုံစိုက်ပြီး နားထောင်ကြည့်လိုက်တယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now