P_1(Uni)

33.6K 2.9K 223
                                    

"အင်း... အင်း... အင်း..."

"Please... help me..."

"အင်း... အင်း..."

အိပ်နေပေမဲ့ နားထဲမှာအဆက်မပြတ်ကြားနေရတဲ့ ယောက်ျားတစ်ယောက်ရဲ့ အော်ညည်းသံတွေ....

နားတွေကိုခေါင်းအုံးနဲ့ဖိ၊ စောင်ကိုခေါင်းမူးခြုံပြီး ကြိုးစာပြီးဆက်အိပ်ပေမဲ့ ဘယ်လိုမှအိပ်မပျော်တော့ဘူး။

"ဘာတွေလဲ... ဘာတွေလဲ... ညကြီးသန်းခေါင်ကို ဘယ်ကအသံတွေလဲ"

စိတ်တိုတိုနဲ့ မျက်လုံးဖွင့်လိုက်တယ်။ ဘေးဘီကိုရှာကြည့်လိုက်တော့ တွေ့ပါပြီ ဟိုကောင် မောင်ထူးခြင်ထောင်ထဲက အသံထွက်နေခြင်း။

အဆောင်ဖြစ်တာမို့ တစ်ခန်းကို နှစ်ယောက်နေရတယ်။ မောင်ထူးက ခပ်ရိုးရိုးရယ်။ အသောက်အစားမရှိဘူး။
အရမ်းဖော်ရွေပြီး လူတကာနဲ့ တည့်အောင်ပေါင်းတာကြောင့် အပေါင်းအသင်းကလည်းများသလို လူချစ်လူခင်ကလည်းပေါတယ်။

အဆောင်မှာ နှစ်ယောက်တစ်ခန်းနေရမယ်ဆိုတော့ မောင်ထူးနဲ့အတူ တစ်ခန်းထဲနေချင်တဲ့ကောင်တွေက များမှများပဲ။ နောက်ဆုံး မဲစနစ်နဲ့ ဆုံးဖြတ်လိုက်တော့ ကျွန်တော်နဲ့ကျသွားတယ်။ ကျွန်တော့်ကို ကံကောင်းလိုက်တာတဲ့ အားလုံးက ဝိုင်းပြောကြတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တကယ်ကံကောင်းပါတယ်။ သူများအခန်းတွေ ရှုပ်ပွနေပေမယ့် ကျွန်တော့်အခန်းကတော့ အမြဲတမ်း သပ်သပ်ရပ်ရပ်ပဲ။ မောင်ထူးက နေတာထိုင်တာ သပ်ရပ်တယ်။ အားရင် အခန်းသန့်ရှင်းရေး လုပ်နေတတ်တာမျိုး။ ကျွန်တော့်အပေါ်လည်း ကောင်းတယ်။ နားလည်မှုလည်းရှိသလို စာနာစိတ်လည်းရှိတယ်။

ကျွန်တော်က မှောင်ရင်မအိပ်တတ်ဘူး။ လင်းနေမှ စိတ်ချလက်ချ အိပ်နိုင်တာမျိုး။ မောင်ထူးက တော်တော်သဘောကောင်းတယ်။ မှောင်ရင်မအိပ်တတ်တဲ့ ကျွန်တော့်ကို တစ်ညလုံး မီးဖွင့်ထားပေးတယ်။ မီးလင်းနေတော့ မင်းအဆင်ပြေရဲ့လားလို့ ကျွန်တော်မေးတော့ "အဆင်မပြေရင် မင်းကပိတ်ပေးမှာလား"တဲ့ ပြန်ပြီးတော့မေးတယ်။ အဲ့ဒါနဲ့ ကျွန်တော်ဘာမှ ဆက်မပြောဖြစ်တော့ဘူး။

ကျွန်တော် ခြင်ထောင်ထဲကနေ မောင်ထူးကိုလှမ်းကြည့်လိုက်တယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)On viuen les histories. Descobreix ara