P_16 (Uni)

12.9K 2K 388
                                    

ကျွန်တော်မောင်ထူးကို တွန်းထုတ်ပစ်လိုက်တယ်။ မောင်ထူးက အငိုက်မိသွားတယ်ထင် မြေပြင်ပေါ်ကိုလဲကျသွားတယ်။ ကျွန်တော့်ကိုပြန်မော့ကြည့်တယ်။ ဝမ်းနည်းရိပ်တို့သမ်းနေတဲ့ မျက်လုံးတွေနဲ့။ ကျွန်တော်နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားတယ်။ အမှန်ဆို ကျွန်တော်တို့နှစ်ယောက်က ယူထားကြတာမလား။ လင်မယားဆိုမှတော့ ဖက်တာတွေ၊ နမ်းတာတွေတော့ ရှိမှာပေါ့။ နောက်ဆို ဒီထက်ပိုတာတွေတောင် လာဦးမှာကို။

ကျွန်တော်က ချစ်တာတွေဘာတွေမရှိလို့ ဘာမှမဖြစ်ပေမယ့် မောင်ထူးကကျတော့ မတူဘူးလေ။ သူကျွန်တော့်ကိုချစ်တယ်။ သူကျွန်တော့်ကို အရမ်းချစ်မှန်းလည်း ကျွန်တော်သိပါတယ်။ မသိချင်ယောင် ဆောင်နေတာပဲရှိတယ်။ သူကကျွန်တော့်ကိုချစ်နေတာမို့ ကျွန်တော့်အပြုအမူ သေးသေးလေးကစပြီး သူ့ကိုအကျိုးသက်ရောက်မှု ဖြစ်စေမှာ သေချာတယ်။ "ငါနမ်းတာတောင်မခံဘူး"ဆိုပြီး ဘယ်လောက်တောင် ခံစားနေလိုက်မလဲ။ ကျွန်တော်လည်း စိတ်မကောင်းဖြစ်ပါတယ်။ ကျွန်တော်ကျတော့ သူ့ကိုဟိုလိုလုပ်ခဲ့ပြီး။ သူနမ်းတာလေးကိုကျတော့ တွန်းထုတ်ပစ်မိတယ်။ ဘယ်လိုလုပ်ရမလဲ။ လာ ငါ့ကိုပြန်နမ်းလို့ ပြောလိုက်ရမလား။

ကျွန်တော်တွေးနေတုန်းမှာပဲ မောင်ထူးက ထလိုက်တယ်။ အမေတို့စိတ်ပူနေလိမ့်မယ် ပြန်ကြစို့တဲ့ သူကပြောတယ်၊ အမေတို့ကတော့ စိတ်မပူပါဘူး။ ကျွန်တော်ကဒီလိုပဲ လျှောက်သွားနေကျမို့။ စိတ်ပူရင်းပူ ကိုဇော်ဇော်ကပဲ ပူနေမှာ။ သူကမောင်ထူးကို စိတ်ချတာမဟုတ်ဘူး။

အပြန်ကျတော့ ငါမောင်းမယ် မင်းနောက်ကလိုက်တဲ့ မောင်ထူးကပြောတယ်။ ကျွန်တော်ရင်ထဲကို ထိတ်ကနဲဖြစ်သွားတယ်။ မောင်ထူးမောင်းလို့မဖြစ်ဘူးလေ။ သူအခုစိတ်အခြေနေမကောင်းဘူး။ တော်ကြာ ဆိုင်ကယ်မှောက်ရင် ဘယ်လိုခံစားချက်လဲဆိုပြီး လက်လွတ်စီးနေမှဖြင့် ကျွန်တော်ပါ အသက်ထွက်နေမယ်။ တောထဲမှာ သေလို့ကတော့ ခြောက်စရာလူမရှိတာနဲ့ကို ပျင်းစရာကောင်းနေမှာ။ အဲ့ဒါကြောင့် မောင်ထူးကို
အမောင်းခံလို့မဖြစ်။

ကျွန်တော် မောင်းသူနေရာကို မောင်ထူးထက်အရင် မြန်မြန်ဝင်ထိုင်လိုက်တယ်။ မင်းမမောင်းပါနဲ့ ငါပဲမောင်းမယ်... မင်းကနောက်ကနေ အေးဆေးလိုက်လို့ပြောလိုက်တော့ မောင်ထူးက ခေါင်းညိတ်ပြတယ်။ တော်ပါသေးတယ်။ သူမောင်းမယ်လို့ ဇွတ်မပြောလို့။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now