P_9 (Zawgyi)

7K 580 200
                                    

ကျွန်တော့်ကို ကျေးဇူးတင်တဲ့အနေနဲ့ ရွာမပြန်ခင်တစ်ရက်လောက် အစားအသောက် ဖွယ်ဖွယ်ရာရာနဲ့ ဧည့်ခံချင်လို့ပါတဲ့ မောင်ထူးတို့အိမ်ကဖိတ်တယ်။ အဲ့တာကြောင့် ကျွန်တော်အခု သူတို့အိမ်ရောက်နေပြီ။ မလိုပါဘူးလို့ပြောပေမယ့် သူတို့ကဇွတ်ပြောနေတော့ အားနာတာနဲ့လက်ခံလိုက်ရတယ်။ စားချင်တာလည်းပါတာပေါ့လေ။

မောင်ထူးတို့အိမ်က ချက်ထားလိုက်တာရှယ်တွေချည်းပဲ။ စားပွဲကြီးနဲ့ကိုအပြည့်။ ထမင်းတော့မပါဘူး။ အမဲသားပြားကိုကင်ထားတာထင်တယ်။ ခရင်းနဲ့ထိုး၊ ဓားနဲ့လှီးပြီးစားရတယ်။ အရသာကနူးအိလို့။ ဘေးမှာဝိုင်တစ်ခွက်နဲ့။ အလယ်မှာလည်း ဟင်းပွဲတွေစုံလို့။ ငါးကင်၊ ရေဘဝဲကင်၊ ကင်းမွန်ထောင်း၊ ဝက်ဆားကေ့၊ ပုဇွန်ကင်၊ ဟိုးဟိုး ကျွန်တော့်အကြိုက်တွေချည်းပဲ။ ပြောသာပြောရတာပါ ကျွန်တော်မကြိုက်တာကလည်း ဘာမှမရှိသလောက်ဘဲ။ "အစားကလူနဲ့တည့်ပါတယ်"ဆိုတဲ့ စကားကြားပြီးကတည်းက စားလို့ရတာအကုန် ပါးစပ်ထဲသွင်းတော့တာပဲ။

မောင်ထူးတို့အိမ်ကတော့ ထုံးစံအတိုင်း စကားတွေပြောနေကြတယ်။ အကင်တွေ၊ ဝိုင်တွေကတော့ ကျွန်တော့်ပါးစပ်ထဲချည်းပဲ။ ဝိုင်လေးသောက်လိုက်၊ အကင်လေးစားလိုက်၊ ကုန်ရင်မောင်ထူးကဖြည့်ပေးလိုက်နဲ့ အဆင်တွေကိုပြေလို့....

မောင်ထူးတို့အဖေက ဒီတစ်ခါကြတော့ သူသွားခဲ့ဖူးတဲ့ဒေသတွေအကြောင်း ပြောနေတာမဟုတ်တော့ဘူး။ LGBT အကြောင်းပြောနေတာ။ LGBT တွေနဲ့ဆိုင်တဲ့ ပရိုဂရမ်တစ်ခုလုပ်ပြီး TV အစီစဉ်မှာလွှင့်ချင်တာတဲ့။ ဒါဆိုမောင်ထူးတို့အိမ်က LGBT လက်ခံတယ်ပေါ့။ အင်းပေါ့ မောင်ထူးကျွန်တော့်ကြိုက်နေတာသိတာတောင် ဘာမှမပြောဘဲကို။

ဟိုး..ကမ္ဘာဦးအစ။ အာဒံဖန်ဆင်းလိုက်တဲ့ ဧဝက ယောက်ျားလေးသာဆိုရင်၊ ဒါမှမဟုတ် ဗြတ်မာကြီးလေးဦးစလုံးက ယောက်ျားလေးတွေဖြစ်နေခဲ့ရင် သူတို့ရောအခုခေတ်လိုပဲ gay ကြမှာလား။ ပြီးတော့ သိချင်တာတစ်ခု ထပ်ရှိသေးတယ်။ သူတို့က ဘယ်လိုလုပ်ပြီး ရှလူးဖို့နည်းလမ်းကိုသိတာလဲ။ သူတို့ကဦးဆုံးမို့ သင်ပြပေးမယ့်​သူလည်း ရှိတာမဟုတ်ဘူးလေ။
ဒီလိုမျိုးလားမသိဘူး "ဟယ် နင့်ဟာနဲ့ငါ့ဟာကမတူဘူးနော်၊ ငါ့ဟာက အလုံးလေးနဲ့အချောင်းလေး၊ နင့်ဟာကပြာကပ်နေတာနော်"ဆိုပြီး တစ်ယောက်ဟာတစ်ယောက်ကိုင်ကြည့်ကြ။ ကိုင်နေရင်းနဲ့ပဲ ငါ့ဟာမာလာပြီ၊ ငါ့အချောင်းနင့်ထဲထည့်ကြည့်ရအောင်ဆိုပြီး ရှလူးလိုက်ကြတာလား။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now