P_8 (Uni)

15.7K 2.3K 593
                                    

တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုခံစားရတာကြောင့် ကျွန်တော်နိုးလာတယ်။ မျက်လုံးကတော့ မဖွင့်နိုင်သေးဘူး။ ကိုယ်ကိုစောင့်တဲ့နတ်တွေရှိတယ်ဆိုတာကို ကျွန်တော်ယုံတယ်။ ဘာလိုဆို ကိုယ့်နောက်ကနေ တစ်ယောက်ယောက် လိုက်နေတာတို့၊ ကိုယ့်ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေတာမျိုးတို့ဆို စိတ်ကအလိုလိုခံစားမိနေတတ်တာမို့။ ကိုယ်ကမမြင်ရပေမယ့် နတ်တွေကမြင်ကြတယ်မလား။ သူတို့ကမြင်တော့ တစ်နည်းနည်းနဲ့ အသိပေးနေကြတာဖြစ်နိုင်တယ်။ ဒါကြောင့် စိတ်ကနေ အလိုလိုခံစားမိနေတာ။

ကျွန်တော်မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။ ဘေးမှာမောင်ထူးက ငုတ်တုတ်ထိုင်နေတယ်။ ကျွန်တော်နိုးလာတာကို သူမသိဘူး။ သူကတစ်နေရာကို စိုက်လို့ကြည့်နေတယ်။ မောင်ထူးက ဘယ်နေရာကိုကြည့်နေတာလဲ... ကျွန်တော်လိုက်ကြည့်လိုက်တယ်။

"ဟာ..."

ရင်ခေါင်းရောက်နေတဲ့ ပုဆိုးကို မြန်မြန်ဆွဲချလိုက်ရတယ်။
ဟိုကောင်။ လူကြားသူကြားဆို အရှက်ခွဲချင်တဲ့အကောင်က အာကာသထဲလွှတ်တင်မဲ့ ဂြိုလ်တုလိုပဲ ထောင်နေလိုက်တာများ။ မောင်ထူကလည်း စိတ်ဓာတ်ပဲ။ သူ့မှာလည်းပါရဲ့သားနဲ့ ဘာကိစ္စ ကျွန်တော့်ကိုစိုက်ကြည်နေရတာလဲ။ သူလည်းအဲ့လိုမဖြစ်တာကျလို့။

မောင်ထူးက ကျွန်တော့်ကိုကြည့်တယ်။ နိုးပြီလားတဲ့ နှုတ်ဆက်တယ်။ ကျွန်တော်ခေါင်းညိတ်ပြလိုက်ပြီး အိပ်နေရာကနေထတယ်။ ရေချိုးခန်းဝင်ပြီး မျက်နှာတွေဘာတွေသစ်လိုက်တယ်။ မောင်ထူးရေချိုးခန်းကြမ်းပြင်က နင်းရတာတစ်မျိုးကြီးပဲ။ အဲ့ဒါကြောင့် ဖိနပ်ချွတ်ပြီး နင်းကြည့်လိုက်တယ်။

"ဟင်! ဖော့တွေ"

ဖော့တွေခင်းထားတာလား။ မသေချာလို့ ရေချိုးခန်း နံရံတွေကို ထပ်ကိုင်ကြည့်လိုက်တယ်။ အကုန်ဖော့တွေပဲ။

ရေချိုးခန်းထဲကနေ ကျွန်တော်အပြင်ကို ထွက်လာလိုက်တယ်။ မောင်ထူအခန်းထဲက နံရံတွေကို အကုန်လိုက်ကိုင်ကြည့်တယ်။ တစ်ခန်းလုံး ဖော့တွေကပ်ထားတာပဲ။ မောင်ထူးတို့အိမ်က အခန်းတိုင်းဖော့တွေကပ်ထားတာလား။ စာသင်ခန်းထဲမှာတော့ ကပ်မထားပါဘူး။ သေချာအောင် သွားကြည့်ကြည့်မယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now