Extra_2 (Uni)

11.6K 1.7K 208
                                    

"အထူးလေး"

"...."

"မနက်သုံးနာရီထိုးနေပြီ"

"...."

"ထကြစို့လေ"

"...."

"လာပါ...ထကြရအောင်နော်"

"မထချင်သေးဘူး.. ငါးမိနစ်လောက်ထပ်အိပ်ကြရအောင်"
ပြောပြီးမောင်ထူးကို စောင်ထဲပြန်ဆွဲသွင်းလိုက်တယ်။

ဒီနေ့က တပိုတွဲလပြည့်နေ့ဖြစ်တာမို့ ခါတိုင်းထက်ပိုအေးနေတယ်။ အခုက ရွာရောက်နေတော့ ပိုဆိုးတာပေါ့။ ရွာမှာက ထရံကာနဲ့မို့ အအေးဓာတ်က အခန်းထဲကို စိမ့်ပြီးတော့ဝင်နေတယ်။ ရွာရောက်နေတာမို့ အင်္ကျီတွေလည်း ချွတ်မအိပ်ရ။ မောင်ထူးရင်ခွင်ထဲမှာ အိပ်နေတာမှန်ပေမယ့် သူ့အတွင်းသားတွေနဲ့ ထိမနေတော့ လူကနွေးမနေတော့ဘူး။ အရမ်းအရမ်းကို အေးစိမ့်နေတယ်။ အဲ့ဒါကြောင့် ကျွန်တော် မထချင်သေးဘူး။

"နောက်ကျနေမယ်လေ"တဲ့ မောင်ထူးကပြန်ပြောတယ်။ အရမ်းအေးလို့ ငါးမိနစ်လောက်နွေးအောင်ဖက်ထားပေးလို့ ကျွန်တော်ပြောလိုက်တော့ ဖက်ထားပေးတယ်။ အဝတ်တွေမဝတ်ထားရင်ကောင်းမှာပဲ။ ဒါမှ သူ့အသားနွေးနွေးလေးနဲ့ထိပြီး ပိုနွေးနေမှာ။ အခုကရွာရောက်နေတာဆိုတော့ အဝတ်တွေချွတ်အိပ်ဖို့က အဆင်မပြေဘူး။ အပေါ်ထပ်က အခန်းဆိုပေမယ့် တံခါးမပါဘူး။ လိုက်ကာပုံစံမျိုးလေးပဲ ကာထားတာမို့။ မတော်တဆ အမေတို့တက်လာခဲ့ရင် အမြင်မတင့်တယ်မှာစိုးလို့ အနေအထိုင်တွေ ဆင်ခြင်နေရတယ်။

"အပေါ်ကနှစ်ကောင်ရေ နိုးနေရင်လည်း ထပြီး လာဝိုင်းကူကြ"

အမေ့ရဲ့အော်သံကြားတော့ မောင်ထူးက ကျွန်တော့်ကိုအတင်းဆွဲထူတယ်။ သူ ကျွန်တော့်အမေကို အဲ့လောက်ကြောက်တာပါ။ အမေက ဘာဆို "ဟုတ်ကဲ့...ဟုတ်ကဲ့"နဲ့။ တအားကို လိမ္မာတာ။ အမေကလည်း ခိုင်းသလားမမေးပါနဲ့။ မရှိ,ရှိတာကို ရှာပြီးတော့ခိုင်းတယ်။ အမေခိုင်းသမျှကိုလည်း မောင်ထူးကဘယ်တော့မှမငြင်း။ ကြာတော့ ကျွန်တော်က မကြည့်ရက်တော့ဘူး။ "မလုပ်နိုင်တာတွေဆို မလုပ်ပေးနဲ့ ငြင်းသာပစ်လိုက်"လို့ ကျွန်တော်ပြောတော့လည်း ငြင်းလို့ဘယ်လိုလုပ်ကောင်းမှာလဲတဲ့ မောင်ထူးက ပြန်ပြောတယ်။ နောက်တော့ ကျွန်တော်ကပဲ အမေခိုင်းသမျှ ကူလုပ်ပေးလိုက်ရတယ်။ ရွာလာရင် ဘယ်တော့မှ အေးအေးဆေးဆေး မနားရဘူး။ အဲ့ဒါကြောင့်လည်း သိပ်မလာဖြစ်ဘူး။ အခုတောင် မမ,မင်္ဂလာဆောင်မို့ လာဖြစ်ခဲ့တာ။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now