P_28 (Uni)

12K 1.7K 174
                                    

မောင်ထူးက တကယ့်ကောင်။ ဗိုက်ဆာလို့ လမ်းမှာတစ်ခုခုဝယ်ကျွေးပါဆိုတာကို အမာစာတွေ မစားရဘူးဆိုပြီး ဝယ်မကျွေးဘူး။ အိမ်ရောက်မှ ဆန်ပြုတ်,ပြုတ်တိုက်မယ်တဲ့။ ဆန်ပြုတ်က အကြာကြီးပြုတ်ရတာကို။ ဒီကဆာနေပါပြီဆိုမှ။ စိတ်ကမကြည်တော့ဘူး။

အိမ်ရောက်တော့ ဆန်ပြုတ်က ဘယ်လိုချက်ရတာလဲတဲ့ ကျွန်တော့်ကိုလာမေးနေတယ်။ ကျွန်တော်စိတ်မကြည်လို့ မပြောပြဘူး။ "ငါအရမ်းအားပြတ်နေပြီမို့ အိပ်ရာထဲကပဲ စောင့်တော့မယ်"ဆိုပြီး အပေါ်ထပ်တက်လာခဲ့လိုက်တယ်။ သူဘာသူချက်ပါစေ။ အခန်းထဲရောက်တော့လည်း ဗိုက်ဆာနေတော့ အိပ်မပျော်ပါဘူး။ နောက်တော့လည်း မနေနိုင်ဘူး အောက်ထပ်ပြန်ဆင်းလာမိတာပဲ။ ကျွန်တော်ဆင်းလာတာမြင်တော့ မောင်ထူးကလှမ်းပြောတယ် "ခဏလေး ရတော့မယ်"တဲ့။ ကျွန်တော်ကြည့်လိုက်တော့ ဟုတ်တယ်။ ဆန်လေးတွေကွဲနေပြီ။ အဲ့ဒါနဲ့ မီးဖိုခန်းထဲမှာပဲ ထိုင်စောင့်နေလိုက်တယ်။

တစ်ခါတလေကျတော့လည်း တွေးမိတယ်။ ဗိုက်ထဲက အစာအိမ်ကြီးကို အပြင်ထုတ်ထားရင် ကောင်းမလားလို့။ အစာအိမ်ကြီးသာ မရှိတော့ရင် ဗိုက်လည်းဆာမှာ မဟုတ်တော့ဘူး။ အဲ့ဒါဆို အေးအေးဆေးဆေးပဲ။ တကယ်က အလုပ်လုပ်နေရခြင်းရဲ့ အဓိကအကြောင်းအရင်းက အစာအိမ်ကိုဖြည့်ဖို့အတွက်မလား။ အစာအိမ်သာ မရှိတော့ရင် တစ်ဝက်သက်သာပြီ။ ဘာမှဝယ်စားစရာ မလိုတော့ဘူး။ အစားအသောက်နဲ့ ပတ်သက်တဲ့လုပ်ငန်းမှန်သမျှ အကုန်ဒေဝါလီခံပဲ။

ပြန်စဉ်းစားကြည့်တော့လည်း ခန္ဓာကိုယ်ထဲမှာက အစာအိမ်မရှိလို့ မဖြစ်ပြန်ဘူး။ သူကစားထားသမျှအစာတွေကိုချေပြီး အာဟာရတွေကို လိုအပ်တဲ့နေရာတွေ ပို့နေရတာမလား။ သူသာမရှိရင် ဘာဓာတ်ညာဓာတ်တွေ ခမ်းခြောက်ပြီး သေမယ်ထင်တယ်။ အဲ့ဒါဆို ဘယ်လိုလုပ်ရမလဲ။

မဟုတ်ဘူး။ မဟုတ်ဘူး။ တကယ်က အစာအိမ်ကို အပြင်ထုတ်စရာမလိုဘူး။ လျှာကအဓိကပဲ။ လူတွေက လျှာကိုအလိုလိုက်နေကြတာ။ လျှာကကောင်းတယ်ဆိုတာနဲ့ ဇွတ်ကျွေးချင်တော့တာပဲ။ ဈေးကြီးသော၊ ဘာသော မစဉ်းစားကြတော့ဘူး။ အဲ့တော့ လျှာကိုအရသာမခံနိုင်အောင် လုပ်လိုက်ရင်ရပြီ။ လျှာဖြတ်လိုက်လို့တော့မဖြစ်ဘူး။ လျှာမရှိတော့ရင် စကားမပြောနိုင်တော့ဘူး။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)حيث تعيش القصص. اكتشف الآن