P_15 (Zawgyi)

6.9K 558 96
                                    

ရောက်တုန်းရောက်ခိုက် သားသူငယ်ချင်းတွေကို ဘုရားတွေစုံအောင်လိုက်ပို့လိုက်ဆိုတဲ့ အမေ့စကားကြောင့် အခုကျွန်တော်တို့ မင်းကွန်းရောက်နေပြီ။ ကျွန်တော်နဲ့မောင်ထူးက ဆိုင်ကယ်တစ်စီး၊ ကိုဇော်ဇော်နဲ့ ကျွန်တော့်သူငယ်ချင်းနဲ့က ဆိုင်ကယ်တစ်စီး။ သုံးယောက်ပိုးသွားရင် အဆင်မပြေလို့ ကျွန်တော့်သူငယ်ချင်း ခန့်စည်သူကို ဆီဖိုးပေးပါ့မယ်ဆိုပြီး အကူညီတောင်းလိုက်ရတယ်။ ခန့်စည်သူဆိုတော့ မင်းသားနာမည်ကြီးလို့ ထင်ကြလိမ့်မယ်။ တကယ်လည်းဟုတ်ပါတယ်။ သူ့အမေက ခန့်စည်သူရဲ့ အမာခံပရိတ်သတ်လေ။ အဲ့တာကြောင့် သူကလေးမွေးတော့ ခန့်စည်သူလို့ပေးလိုက်တာ။ တော်သေးတာပေါ့ ယောက်ျားလေးမွေးလို့ မိန်းကလေးကို ခန့်စည်သူလို့ပေးရင် လှမှာမဟုတ်ဘူး။

ဆိုင်ကယ်နဲ့ဆို ရွာကနေမင်းကွန်းကို နှစ်နာရီလောက် မောင်းရတယ်။ လမ်းကလည်း အတက်၊အဆင်းတွေမို့ နည်းနည်းတော့ကြမ်းတယ်။ မြသိန်းတန်ဘုရားကိုရောက်တော့ ကလေးတွေက အလုအယက်နဲ့ အမွှေးတိုင်းလာရောင်းကြတယ်။ ကျွန်တော့်ဆီလာရောင်းတဲ့ ကလေးတွေကို အနောက်မှာပါလာတဲ့ မောင်ထူးကိုလက်ညှိုးထိုးပြပြီး အဲ့ကိုကိုကဝယ်မှာ သူ့ဆီသွားရောင်းချေလို့ ပြောလွှတ်လိုက်တာကြောင့် ကလေးတွေက သူ့အနားမှာပြုံလို့။ တစ်ဦးဆီကဝယ်လိုက်တိုင်း တခြားကလေးတွေကပါ သားဟာရောဝယ်ပါဦးဆိုပြီး တဖြည်းဖြည်းနဲ့များလာတယ်။ ပြောတဲ့ကလေးတိုင်းဆီက ဝယ်နေပေမယ့် နောက်တော့ကလေးတွေက အရမ်းများလာတာမို့ ဝယ်လို့မနိုင်တော့ဘူး။ ဘယ်လိုမှလည်း ဖောက်ထွက်လို့မရ။ ကလေးတွေက မောင်ထူးနောက်ကနေ ကပ်လိုက်နေကြတာ။ ကြာတော့ ဘယ်လိုလုပ်ရမှန်း မသိလို့ထင်ပါတယ် မောင်ထူးက ကျွန်တော့်ကိုလှမ်းကြည့်တယ်။ ကျွန်တော် သွားဆွဲခေါ်ပြီး အမွှေးတိုင်တွေအများကြီးဝယ်ပြီးပြီမို့ ထပ်ပြီးမလိုတော့ဘူးနော်လို့ ပြောလိုက်မှ မောင်ထူးအနောက်ကို ဘယ်ကလေးမှထပ်မလိုက်ကြတော့။

မြသိန်းတန်ဖူးပြီးတော့ ပုထိုးတော်ကြီးဘက် ဆက်လာလိုက်တယ်။ အရင်ကလို ပုထိုးတော်ကြီးအပေါ်ကိုတော့ တက်ခွင့်မပြုတော့။ အန္တရာယ်များလို့တဲ့ ပိတ်ထားတယ်။ ပြီးတော့ ငလျင်ဒဏ်တွေကြောင့် အရှေ့ပိုင်းမပါတော့တဲ့ ခြသေ့်ကြီးနှစ်ကောင်ကို သွားကြည့်ကြတယ်။ အားလုံးပြီ
မှ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံးဖြစ်တဲ့ မင်းကွန်းခေါင်းလောင်းကြီးဆီကို ခေါ်ခဲ့ပေးလိုက်တယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Tahanan ng mga kuwento. Tumuklas ngayon