P_4 (Uni)

16.9K 2.3K 160
                                    

ထမင်းဝိုင်းသိမ်းလို့ နာရီကိုကြည့်လိုက်တော့ (7)နာရီတောင်နည်းနည်းကျော်နေပြီ။ ကျွန်တော်ပြန်တော့မယ်လို့ နှုတ်ဆက်လိုက်တော့ မောင်ထူးအဖေက အံ့သြသွားတယ်။ ဆရာလေးက ဒီမှာအိပ်တာမဟုတ်ဘူးလားတဲ့။

"မဟုတ်ဘူးဗျ... ကျွန်တော်အဆောင်မှာပဲအိပ်တာ"

ကျွန်တော်ပြန်ဖြေပြီး ပြန်မယ်လုပ်တော့ "သားကြီးလိုက်ပိုပေးလိုက်"တဲ့ မောင်ထူးအဖေက သူ့သားကို လိုက်ပို့ခိုင်းတယ်။

မလိုပါဘူး... ရပါတယ်... ကျွန်တော်တစ်ယောက်တည်း ပြန်နေကျပါလို့ ပြောလည်းမရဘူး။ ဇွတ်တွေလိုက်ပို့ခိုင်းနေတယ်။ နောက်တော့ မောင်ထူးကပါ မငြင်းပါနဲ့တော့ဆိုပြီး ကားနဲ့လိုက်ပို့ပေးတယ်။
ဇွတ်ငြင်းလို့မကောင်းလို့သာလိုက်လာရတာ လူကခပ်လန့်လန့်ရယ်။ အဆောင်တော့ ပြန်ရောက်ကောင်းပါရဲ့...

ကားပေါ်ရောက်တော့ မောင်ထူးက ကားစက်နှိုးတယ်။ ကားကိုဖြည်းဖြည်းချင်း စထွက်တယ်။ ရေဒီယိုလိုင်း ဖွင့်လိုက်တယ်။ ဖွင့်,ဖွင့်ချင်းမှာပဲ အမျိုးသမီးနှစ်ယောက် ဖုန်းပြောနေတဲ့အသံတွေထွက်လာတယ်။ သီချင်းတောင်း ကဏ္ဍထင်ပါရဲ့။

"မင်္ဂလာပါရှင့် သိုဝှက်ပေါက်ကွဲအစီစဉ်ကပါ"

"ဟုတ်ကဲ့သီချင်းတောင်းချင်လို့ပါ"

"ဟုတ်ကဲ့ ဘယ်ကနေဆက်နေတာလဲ... ပြီးတော့ နာမည်ဘယ်သူလဲ... မိတ်ဆက်ပေးပါဦးရှင့်"

"မန္တလေးက မခင်သီပါ"

"ဟုတ်ကဲ့ရှင့်... ဘယ်သူ့အတွက် ဘာသီချင်းလေး လွှင့်ပေးရမလဲရှင့်"

"အိမ်ကယောက်ျားအတွက်ပါ... G-fatt နဲ့ဖြိုးလေးသီဆိုထားတဲ့ နေ့ခံညစံဆိုတဲ့သီချင်းလေး တောင်းချင်လို့ပါ"

"ဝါး... အရမ်းမိုက်တဲ့သီချင်းလေးပဲ၊ ပေါက်ကွဲစကားလက်ဆောင်လေးရော ပြောဦးမလားရှင့်"

"ပေါက်ကွဲစကားလက်ဆောင်လေးကတော့ မြန်မြန်အန်ဖက်စို့ပြီး သေပါစေလို့"

"ဟုတ်ကဲ့ပါ.. ဒါဆို နေ့ခံညစံဆိုတဲ့သီချင်းလေးကို အခုပဲ ထုတ်လွှင့်ပေးလိုက်ပါမယ်နော်... အစ်မကံကောင်းပါစေရှင့်..."

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now