P_19 (Uni)

13.4K 1.9K 352
                                    

ကျွန်တော်တို့အခု ရန်ကုန်ပြန်တဲ့ကားပေါ်မှာ။ မောင်ထူးကဘေးမှာ အိပ်လို့။ သူ့လက်တစ်ဖက်က ကျွန်တော့်လက်တစ်ဖက်ကို ဆုပ်ကိုင်ထားတယ်။ ဒီနေ့နဲ့ဆို မောင်ထူးနဲ့ကျွန်တော်နဲ့ လက်ထပ်ထားတာ (17)ရက်ရှိပြီ။ စစ်ကိုင်းမှာနေခဲ့တာ (13)ရက်။ သင်္ကြန်ရက်တွေကလွဲပြီး ကျန်တဲ့ရက်တွေမှာ မောင်ထူးနဲ့ ဟိုဟိုဒီဒီလျှောက်သွားဖြစ်ခဲ့တယ်။ သင်္ကြန်ရက်ကတော့ လည်ရတာမကြိုက်လို့ ဘယ်မှမသွားဖြစ်ဘူး။ စိုစိစိုစိနဲ့ဆို ဘယ်လိုမှမနေတတ်တာမို့။ ကျွန်တော်သဘောမကျတော့ မောင်ထူးတို့ကိုလည်း လိုက်ပို့မနေတော့ဘူး။

မောင်ထူးနဲ့ကျွန်တော်ရဲ့ အဖြစ်အပျက်တွေက အချိန်တိုလေးအတွင်းမှာပဲ မြန်မြန်ဆန်ဆန်ဖြစ်ပျက်ခဲ့တယ်။
ကျွန်တော်တစ်ခါမှ ရည်းစားမထားခဲ့ဖူးသလို ထားဖို့လည်း စိတ်ကူးမရှိခဲ့ဘူး။ ကျွန်တော် ကြိုက်ရလောက်တဲ့ သူရယ်လို့လည်း မတွေ့ခဲ့ဘူး။

နောက်တော့ မောင်ထူးနဲ့တွေ့တယ်။ ဒီလိုပဲ ကျွန်တော့်အခန်းဖော်ပေါ့။ မောင်ထူးက ကျွန်တော့်အပေါ်ကောင်းတယ်။ ဆေးတွေလည်း လိမ်းပေးဖူးတယ်။ စကားတွေလည်း ပြောပေးခဲ့တယ်။ ကျွန်တော်ဖြစ်ချင်တာတွေ ဖြည့်ဆည်းပေးခဲ့ဖူးတယ်။ အဲ့ဒီည မောင်ထူးဇာတ်ကားကြည့်တဲ့ည။ အရာအားလုံးပြောင်းလဲသွားတယ်။ ကျွန်တော်မောင်ထူးကို ကြောက်လာတယ်။ မောင်ထူးက ကျွန်တော့်ကို တစ်ခုခုလုပ်မှာ အဲ့လိုမျိုးပဲ တွေးမိနေခဲ့တာကြောင့် ကျွန်တော်မောင်ထူးနဲ့ မတွေ့အောင်ရှောင်ခဲ့တယ်။

ရှောင်နေပေမယ့် တည့်တည့်တိုးတယ်။ မောင်ထူးတို့အိမ်မှာ စာသင်ဖို့ဖြစ်လာပြန်တယ်။ အဲ့အချိန်ထိလည်း ကျွန်တော်မောင်ထူးကို ကြောက်နေတုန်းပဲ။ တကယ်ဆို မောင်ထူးက ကျွန်တော့်ကို ဘာမှလုပ်တာမဟုတ်ဘူး။ အရင်ကဆို ကျွန်တော့်အပေါ်တောင် ကောင်းပေးခဲ့တာကို။ အစိုးရိမ်လွန်တဲ့ ကျွန်တော့်စိတ်ကြောင့်ပဲ ထင်ပါတယ်။ အဲ့စိတ်ကမကောင်းဘူးဆိုတာကို သိတယ်။ ဒါပေမဲ့ ဘယ်လိုမှဖျောက်လို့မရဘူး။ အကျင့်ပါနေတာ။ အကျင့်ဆိုတာပြင်ဖို့ခက်တယ်တဲ့။ အထူးသဖြင့် မကောင်းတဲ့အကျင့်တွေကိုပေါ့။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now