ဇာတ်သိမ်း

15.5K 1.9K 544
                                    

ဆောင်းရာသီရောက်ပြီမို့ထင်တယ် ရာသီဥတုက ချမ်းစိမ့်စိမ့်နဲ့။ မနက်ခြောက်နာရီလောက်တော့ ရှိလောက်ပြီဆိုပေမယ့် ကျွန်တော်မထချင်သေးဘူး။ ဒီအိပ်ရာကြီးက အရမ်းကိုနွေးထွေးလွန်းနေတာမို့။ အပူပေးစက်၊ အအေးပေးစက်တွေ မကြိုက်တဲ့ကျွန်တော်က ဘေးမှာရှိတဲ့ ခပ်နွေးနွေးကိုယ်ခန္ဓာကြီးကိုတော့ အရမ်းသဘောကျမိနေတယ်။ ကျွန်တော့်ခါးပေါ်မှာ ယှက်တင်ထားတဲ့ လက်ရဲ့အနွေးဓာတ်။ ကျွန်တော်မျက်နှာနဲ့ ထိကပ်နေတဲ့ ရင်ခွင်တစ်စုံ။ အရာရာဟာ နွေးထွေးလွန်းနေတယ်။

သူ့ကိုယ်လုံးပေါ်တင်ထားတဲ့ ကျွန်တော့်လက်ကို ရုတ်လိုက်တယ်။ စည်းချက်မှန်မှန်ခုန်နေတဲ့ သူ့ရင်ဘတ််ကို ကျွန်တော့်လက်ဖဝါးနဲ့ ထိကပ်လိုက်ပြီး လက်ကနေတဆင့် သူ့နှလုံးခုန်ချက်တွေကို ရေတွက်ကြည့်နေလိုက်တယ်။ တစ်၊ နှစ်၊ သုံး၊ လေး။ အစပိုင်းမှာ ဖြည်းဖြည်းမှန်မှန်နဲ့ ခုန်နေတဲ့နှလုံးက တဖြည်းဖြည်း မြန်လာတာကို ခံစားမိတော့ ကျွန်တော့်နှုတ်ခမ်းက သိသိသာသာကော့တက်သွားတယ်။ သူနိုးလာပြီ။ သူ့မျက်နှာကို မော့ကြည့်စရာမလို။ သူ့နှလုံးခုန်တာကို စမ်းကြည့်တာနဲ့ သူနိုးတယ် မနိုးဘူးဆိုတာကို ကျွန်တော်သိနိုင်တာမို့။

ပြုံးစစနဲ့ ကျွန်တော်မော့ကြည့်တော့ ကျွန်တော့်နဖူးပေါ်ကို အနမ်းတစ်ပွင့်ခြွေချလိုက်ရင်း နှုတ်ကနေလည်း"အေးသေးတယ် ပြန်အိပ်ဦး"ဆိုပြီး တိုးလို့ဆွဲဖက်လိုက်တယ်။ ပြန်အိပ်လို့မပျော်တော့ပေမယ့် ကျွန်တော်ငြိမ်ငြိမ်လေးပဲ နေပေးလိုက်တယ်။ မနေ့ညက သူအိပ်ရေးပျက်ထားတယ်လေ။ ကျွန်တော့်ကြောင့်...

ယောက်ျားကောင်းဆိုတာ နှလုံးရည်နဲ့ လက်ရုံးရည်ပြည့်စုံရတယ်တဲ့။ အစကတော့ ဘာကိုဆိုလိုမှန်း နားမလည်ဘူး။ နှလုံးရည်ဆိုတာ ရင်ဘတ်ထဲကနှလုံးရဲ့ အရည်ကိုပြောတာလား။ ရင်ဘတ်ထဲက နှလုံးကတော့ အရည်မထွက်ဘူးထင်တာပဲ။ အောက်ကနှစ်လုံးကတော့ အရည်ထွက်တဲ့ဟာနဲ့နီးစပ်တယ်။ အဲ့ဒါကြောင့် နှလုံးရည်ဆိုတာ စာလုံးပေါင်းမှားနေတာနေမှာ အမှန်က "နှစ်လုံးရည်"လို့ပေါင်းရမှာလို့ပဲ တောက်လျှောက်ထင်ထားခဲ့တာ။ ဟိုတလောကမှ အမှန်ကိုသိတယ်။ နှလုံးရည်ဆိုတာ နှလုံးအရည်အချင်းကို ပြောတာတဲ့။ နှလုံးလှတဲ့လူ ဒါမှမဟုတ် စိတ်ထားမြင့်မြတ်တဲ့လူပေါ့။ အဲ့လိုထင်တာပဲ။ ဘယ်ဟာမှန်လဲမသိပေမယ့် မောင်ထူးကတော့ နှလုံးရည်ရော၊ လက်ရုံးရည်ရောနဲ့ ပြည့်စုံတယ်။ နှလုံးသားလှတယ်။ အားအင်ပြည့်ဝတယ်။ (2)နာရီလောက်ကတော့ အသာလေးပဲ။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now