ဒီနေ့ထမင်းဝိုင်းမှာ မောင်ထူး၊ မောင်မှူးနဲ့ ကျွန်တော် သုံးယောက်တည်းပဲ။ အန်တီတို့ကရော ကျွန်တော်မေးလိုက်တော့ Straight မြို့ကိုအဖေနဲ့ အလည်ခဏလိုက်သွားတယ်တဲ့ မောင်ထူးကဖြေတယ်။
"Straight မြို့"
ကြောင်တောင်တောင်ဖြင့် ကျွန်တော်ရေရွတ်မိတယ်။
"Sorry, မကွေးမြို့ကိုပြောတာ အဖေခေါ်လို့ ခဏအလည်လိုက်သွားတာ"
"သြော်..."
သူတို့မိသားစုနဲ့ကျမှပဲ မကွေးမြို့လည်း နာမည်မျိုးစုံဖြစ်သွားတော့တယ်။ တစ်ယောက်တစ်မျိုးစီများ ခေါ်နေကြတာလားမသိ။
ခါတိုင်းဆို မောင်ထူးရဲ့မိဘတွေကမေး၊ ကျန်တဲ့လူတွေကဖြေနဲ့ ညံနေတဲ့ထမင်းဝိုင်းက အခုတော့တိတ်ဆိတ်လို့။ ခြောက်ကပ်ကပ်ဖြစ်နေတယ်။
"ညကျဇာတ်ကားကြည့်ရအောင်"တဲ့ မောင်ထူးက မောင်မှူးကိုကြည့်ပြီး ပြောလိုက်တယ်။ "မေမေက မကြည့်စေနဲ့လို့မှာသွားတယ်"တဲ့ မောင်မှူးကပြန်ဖြေတယ်။
ပြန်တိတ်ဆိတ်သွားပြန်တယ်။ဆရာကြီးတို့မြို့အကြောင်းပြောပြတဲ့ မောင်မှူးက ကျွန်တော့်ကိုစကားစတယ်။ ကျွန်တော်မောင်ထူးကိုကြည့်တော့ သူကလည်းကျွန်တော့်ကိုကြည့်နေတယ်။ ကျွန်တော်လည်းပြောချင်နေတာနဲ့အတော်ပဲ။ ကိုယ့်မြို့အကြောင်းပြောရမယ်ဆို တက်ကြွလို့...
ကျွန်တော် အဟမ်းဆိုပြီး လည်ချောင်းတစ်ချက်ရှင်းလိုက်တယ်။ ပြီးတာနဲ့ တရပ်စပ် ပြောတော့တာပဲ....
ကျွန်တော်က စစ်ကိုင်းမြို့က။ စစ်ကိုင်းမြို့ကိုမှ ရွာဘက်ကဆို ပိုမှန်တယ်။ ရွာကနေ မြို့ထဲကို ဆိုင်ကယ်နဲ့ဆို နာရီဝက်လောက်သွားရတယ်။ စစ်ကိုင်းမြို့က အရမ်းသာယာတယ်။ ဘုရား၊ စေတီပုထိုးတွေပေါများလွန်းလို့ ဒုတိယပုဂံလို့တောင် တင်စားထားတဲ့မြို့လေး။ စစ်ကိုင်းမှာ အပေါဆုံးကတော့ ဘုန်းတော်ကြီး၊ သီလရှင်ကြီးတွေ။ ဒါကြောင့်လည်း အလှူအတန်းလုပ်တဲ့လူတွေ ပေါများကြတယ်။
ကျွန်တော်တို့ရွာက စစ်ကိုင်း-မင်းကွန်းလမ်းမပေါ်မှာ တည်ရှိတယ်။ အရှေ့ဘက်က ဧရာဝတီမြစ်။ မြစ်ဘေးမှာက လယ်ကွင်းတွေရှိတယ်။ လယ်ကွင်းတွေရဲ့ အနောက်ဘက်မှာတော့ ကျွန်တော်တို့ရွာ။ ရွာရဲ့အနောက်ဘက်မှာကျတော့ စစ်ကိုင်းတောင်တန်းကြီးရှိတယ်။ ရွာက တောင်ခြေမြစ်ဘေးလေးမှာဖြစ်တာမို့ ဆောင်တွင်းဆို အရမ်းအေးတယ်။ နွေဆိုလည်း သိပ်မပူဘူး။ အလွန်နေလို့ထိုင်လို့ကောင်းတဲ့ဒေသ။
YOU ARE READING
မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)