P_27 (Uni)

12.5K 1.8K 312
                                    

အမေက ဖုန်းဆက်တယ် "အဒေါ့်ယောက်ျားဆုံးပြီ"တဲ့။ အဲ့ဒါကြောင့် ကျွန်တော့်ကို အဒေါ်တို့အိမ်သွားပြီး ဝိုင်းဝန်းလုပ်ကိုင်ပေးလိုက်ပါဦးတဲ့။ သူလည်း ညကားနဲ့လိုက်လာပြီးတဲ့။ အဲ့ဒါမှ ဒုက္ခပဲ။ အခုကျွန်တော်က လမ်းလျှောက်ဖို့အဆင်မပြေဘူး။ အဒေါ်တို့မိသားစုဆိုတာကလည်း ကျွန်တော့်အပေါ်မှာ ကျေးဇူးတွေရှိနေတယ်။ state ကျောင်းတုန်းက သူတို့အိမ်မှာပဲနေပြီး ကျောင်းတက်ခဲ့ရတာ။ အဒေါ့်ယောက်ျားဆို မအားတဲ့ကြားကနေ ကျွန်တော့်ကို ကျောင်းကြို/ကျောင်းပို့လုပ်ပေးခဲ့တာမို့ မသွားလို့တော့မဖြစ်ဘူး။

မောင်ထူးက ကျွန်တော့်ကို စိတ်မချဘူးဆိုပြီး ကျွန်တော်နဲ့အတူ လိုက်လာတယ်။ ဟိုရောက်တော့ ကျွန်တော်က ဘာမှထွေထွေထူးထူးမလုပ်ရဘူး။ မောင်ထူးကပဲ အကုန်သိမ်းကျုံးလုပ်တယ်။ သူကချည်းပဲ အကုန်သိမ်းလုပ်နေတော့ ကျွန်တော်က မိုးတိုးမတ်တတ်နဲ့ မြင်ရတာ ဘယ်လိုမှအဆင်မပြေ။ ရှိသမျှလူတိုင်းက အလုပ်နဲ့လက် မအားဖြစ်နေကြတာကို ကျွန်တော်ကဘာမှမလုပ်ပဲ ဒီတိုင်းကြီး ရပ်နေတာဆိုတော့ ဘယ်ကောင်းမှာလဲ။ အမြင်မသင့်တော်ဘူးလေ။ ကျွန်တော်အားနေတာကို တစ်ယောက်ယောက်ကမြင်ပြီး ညီလေးရေ ဒါလေးတစ်ဖက်လောက် ဝိုင်းမ,ပါဦးဆိုလည်း ကျွန်တော်တောင် ဟုတ်ကဲ့မလုပ်ရသေးဘူး လာပြီလာပြီဆိုပြီး မောင်ထူးကအရင်ပြေးတယ်။ အကူညီတောင်းတဲ့လူက ကြောင်တောင်တောင်ရယ်။ ကြာတော့ ကျွန်တော်ရှက်လာပြီ။ "မောင်ထူး ငါ့ကိုအရှက်ခွဲနေတာလား"လို့ပြောတော့လည်း ဂရုမစိုက်ဘူး။ ဘာမှမလုပ်နဲ့တဲ့ အဲ့လိုပဲပြန်ပြောတယ်။ သောက်ကျိုးနည်းအောင် အချစ်ခံရတယ်ဆိုတာ ဒါမျိုးကိုပြောတာနေမယ်။ ဒါကကျွန်တော့်ဦးလေးရဲ့ ဈာပနလေ။ ဘာမှမလုပ်ဘဲ ဒီတိုင်းနေဖို့က ဘယ်လိုလုပ်သင့်တော်မှာလဲ။ မောင်ထူးက သူဖြစ်ချင်တာပဲ သူသိတယ်။ ကျွန်တော့်ဘက်ကို နည်းနည်းလေးမှ တွေးမပေးဘူး။

နောက်နေ့ကျတော့ မနက်အစောကြီး ကားဂိတ်မှာအမေကို သွားကြိုရတယ်။ အမေတစ်ယောက်တည်းမဟုတ်ဘူး။ မမပါ ပါလာတယ်။ ပါလာတာလည်းကောင်းပါတယ်။ နို့မို့ဆို အိမ်မှာ မမတစ်ယောက်တည်း ကျန်နေခဲ့မှာ။ မိန်းကလေးတစ်ယောက်တည်းဆိုတော့ သိတဲ့အတိုင်းပဲ။ အမေကဘယ်လိုလုပ်စိတ်ချမှာလဲ။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now