P_20 (Uni)

13.4K 1.8K 309
                                    

"မောင်ထူး မပြီးသေးဘူးလား"

ထူးအောင်ဆီကနေ မနက်တိုင်းကြားနေကျ အသံဖြစ်တယ်။ ကျွန်တော့်အခန်းက ရေချိုးခန်းနဲ့အိမ်သာက တွဲလျက်ဖြစ်တာမို့ ထူးအောင်က အိမ်သာတက်နေရင် ကျွန်တော်က မျက်နှာသစ်၊ သွားတိုက်။ ထူးအောင်က ကျွန်တော်ရှိနေရင် အိမ်သာတက်ရတာ ရှက်တယ်တဲ့။ မနက်အိပ်ရာနိုးနိုးချင်း ရေသောက်ထားတာမို့ ဝမ်းကလည်းအောင့်ထားလို့မရ။ အဲ့တော့ ကျွန်တော့်ကိုပဲ မြန်မြန်လုပ်ပြီး မြန်မြန်ထွက်ဆိုပြီး အမြဲအော်နေကျ။

သူအော်နေမှပဲ အရင်တစ်ခါက သူပြောဖူးတာကို သွားသတိရနေတယ်။ ကျောင်းပိတ်တဲ့တစ်ရက်တုန်းက ငါနဲ့စကားပြောကြရအောင်ပေါ့ ကျွန်တော်ကစကားစတော့ အင်းတဲ့။ ကျွန်တော်ကတော့ ဘာအကြောင်းအရာတွေပြောရင်ကောင်းမလဲဆိုပြီး တွေးနေတာကို သူကဘာအကြောင်းတွေ ပြောတယ်မှတ်လဲ။ "အီးပါရင်းနဲ့ သေးဘယ်နှစ်ခါပေါက်လဲ"တဲ့။ သူကတော့ နှစ်ခါပေါက်တယ်တဲ့။ အီးမထွက်ခင်တစ်ခါ အီးပါလို့ပြီးရင်တစ်ခါတဲ့။ သူပြောမှပဲ သတိထားမိတော့တယ်။ တကယ်ကို သေးကနှစ်ခါပေါက်တာ။ အခုဆိုအိမ်သာတက်တိုင်း သေးဘယ်နှစ်ခါပေါက်လဲဆိုပြီး သတိကထားမိနေပြီ။ အကျင့်တွေပါ ပါလို့။ ထူးအောင်က တကယ့်အထူးလေးပါဆို။ ကျွန်တော် တွေးရင်းနဲ့တောင် ပြုံးမိလာပြီ။

"မြန်မြန်လုပ်ဆိုကွာ"

ထူးအောင်ရဲ့ စိတ်မရှည်တဲ့အသံက ထပ်ထွက်လာတယ်။

"ပြီးပြီ ပြီးပြီ..."

ပြောပြီး အမြန်ထွက်လာခဲ့ရတယ်။

ထူးအောင်က အိမ်သာနဲ့ ရေချိုးခန်းကို အခန်းခွဲခိုင်းနေတာကြာပြီ။ ကျွန်တော်မလုပ်ပေးဘူး။ မနက်တိုင်း သူရှက်နေတဲ့ပုံလေးမြင်ချင်လို့။ ရှက်တယ်ဆိုမှ ဖင်ချွတ်ပြီး ပါရလို့ရှက်တာမဟုတ်ဘူးနော်။ သူ့ဖင်က အိပ်ရာထတိုင်းပေါ်နေကျမို့ ရှက်မနေဘူး။ သူ့အီးအီးအနံ့ကို ရှက်နေတာ။ မင်းအီးနံ့က နံတယ်လို့ပြောမှာစိုးလို့တဲ့။ အီးပဲ နံမှာပေါ့ ဘယ်အီးကမွှေးလို့လဲ။ အဲ့ဒါကို လာရှက်နေတယ်။

ဘာလိုလိုနဲ့ ကျွန်တော်တို့ရဲ့ မင်္ဂလာသက်တမ်းတောင် (၁)နှစ်ပြည့်တော့မယ်။ ထူးအောင်ကတော့ ကြာလေကြာလေ ချစ်ဖို့ပိုကောင်းလာလေးပဲ။ ထူးအောင်က တစ်ကိုယ်ကောင်းတော့ဆန်တယ် ဒါပေမဲ့ အားနာတတ်တယ်။ တစ်ခုခုဆို ဇွတ်ပြောရင်ရတယ်။ ဇွတ်လုပ်လို့ စိတ်ဆိုးသွားရင်လည်း စိတ်မကောင်းဖြစ်တဲ့ပုံလုပ်ပြလိုက်။ သူမနေနိုင်ဘူး။ လိုက်လျောရတာပဲ။ အခုဆို ကျွန်တော်သူ့ကို နမ်းချင်တဲ့အချိန်နမ်းလို့ရတယ်။ ကျွန်တော်နမ်းချင်တယ်လို့ပြောတိုင်းလည်း ခေါင်းလေးကိုမော့ပြီး မျက်လုံးမှိတ်ပေးတတ်မြဲ။ အရမ်းကိုနာခံတတ်တဲ့ပုံစံလေး။ တအားချစ်ဖို့ကောင်းတာ။
နမ်းတာထက်တော့ မပိုသေးပါဘူး။ ဇွတ်လုပ်ရင်ရတယ်ဆိုပေမယ့် ကျွန်တော်ကြောက်နေတာ။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now