[14] What do you really want , your Majesty ? '

4.6K 407 55
                                    

Check Zawgyi version below ⬇️

#Unicode

Afa ရဲ့မျက်လုံးတွေ လွတ်လပ်ခွင့်ရတာနဲ့ ရှူစားလိုက်ရတဲ့မြင်ကွင်းသည် ရင်သက်ရှူမောဖွယ်... ။

နက်မှောင်သောညီလာခံဝတ်စုံပြည့်ကို ဝတ်ဆင်ပြီးစီးချိန်၌ သူသည် အသက်ဆယ့်ကိုးနှစ်ဆိုသောနုနယ်မှုများ ကွယ်ပျောက်၍ ခန့်ညားတည်ကြည်သော ဧကရာဇ်တစ်ပါးအဖြစ်သို့ ပြောင်းလဲသွားလေသည် ။ ဘယ်ဖက်ရင်အုံတွင် အင်ပါယာ၌ရာထူးအကြီးဆုံးပုဂ္ဂိုလ်ဆိုတဲ့သက်သေအဖြစ် မီးရှူးမီးတိုင်အားဝှေ့ပတ်နေသည့်နဂါးအနက်တစ်ကောင်သဏ္ဌာန်ရင်ထိုးကို တပ်ဆင်ထား၏ ။

အမြင်တစ်ခုတည်းနဲ့တင် စိတ်နှလုံးကိုကိုင်းညွှတ်သွားစေသည်အထိ ဩဇာညောင်းသည် ။

ထိုဝတ်စုံနဲ့သူ့ကို ကြိမ်ဖန်များစွာမြင်ဖူးသော်လည်း ယနေ့မှထူးခြားစွာ ကြည့်လို့ကောင်းနေတာဖြစ်သည် ။ ညကကောင်းစွာအိပ်စက်ခဲ့ရလို့လားမသိ ၊ လှပသောမျက်နှာမှာ ရောင်ဝါလင်းလျက် ။

Nicole : " အရှင့်ကိုသာ ဘာအကာအကွယ်မှမပါပဲကြည့်မိရင် ကြည့်မိတဲ့သူဟာ သေမှာပဲ ... "

ရှက်ကိုးရှက်ကန်း ခိုးကာကြည့်နေတဲ့ Afa. ကို ဘေးကနေ Nicole က နားလည်သယောင် တီးတိုးပြောသည် ။ မလုံမလဲဖြစ်ပြီး ခေါင်းခါပြတော့ Nicole က ရယ်၏ ။

Nicole : " ကြည့်ပါ ရပါတယ် ။ အခုမကြည့်ရင် နောက်ကြည့်ရမှာမဟုတ်ဘူး‌ ။ ကွန်မန်ဒါ Jane နဲ့တွေ့ရင် မျက်ခွက်ကိုပိတ်ထိုးခံထိမှာ "

ကွန်မန်ဒါ Jane ... ထိုနာမည်ကိုကြားတာနဲ့ Lucy ကိုကြမ်းတမ်းစွာအပြစ်ပေးခဲ့သော အမျိုးသမီး၏ပုံရိပ်ကိုမြင်ယောင်မိ၏ ။ Afa အသက်ရှင်နေသ၍ သူမရဲ့မြင်ကွင်းထဲမဝင်မိဖို့အရေးကြီးသည် ။ ဘဝမေ့လို့မဖြစ် ... ။

ဒါကြောင့် ရှင်ဘုရင်ရှေ့ စိတ်ခံစားချက်မရှိသော ကျောက်တုံးတစ်တုံးပမာနေထိုင်ဖို့ ဆုံးဖြတ်လိုက်သည် ။ ရင်ခုန်သံလေးတစ်ချက်က အသက်ဆုံးတဲ့အထိ အန္တရာယ်ရှိနိုင်ကြောင်း သေချာသိလို့ပင် ။

သို့သော် ဤအဖြစ်မျိုး Afa မနက်တိုင်းကြုံ‌ရတော့မှာကို သတိရတဲ့အခါ ရင်မောမိပြီ ။ ‌သေးငယ်သောခန္ဓာကိုယ်နဲ့မလိုက် ရှည်လျားသည့်ပင့်သက်ရှည်ကြီးကို Afa မှုတ်ထုတ်လိုက်သည် ။

Days of Counting Camellia (Hiatus)Where stories live. Discover now