[16] The past in mud '

3.8K 324 23
                                    

Check Zawgyi version below ⬇️

#Unicode

ညက နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်ခဲ့တာမို့ ယနေ့ညီလာခံတွင် Ash သည် များစွာသော တိုင်း‌ရေးပြည်ရေး ကိစ္စအထွေထွေကို အားရကျေနပ်ဖွယ် အဆုံးအဖြတ်ပေးနိုင်ခဲ့သည် ။

အရှေ့ရက်များက အိပ်ရေးမဝလို့စိတ်မကြည်တဲ့ ဧကရာဇ်၏မျက်နှာအရိပ်အကဲကို ကြည့်နေရ၍ မွန်းကျပ်နေခဲ့သော ညီလာခံ၏အနေအထားသည် ယနေ့မနက်မှ အသက်ရှူချောင်တော့သည် ။ ထို့ကြောင့် အမှုထမ်းတို့မှာ ကြည်လင်လန်းဆန်း‌နေသောဧကရာဇ်ရဲ့မျက်နှာတော်ကို ကြည့်ပြီးအလုပ်လုပ်ရတာက ဘယ်လောက်ကျေးဇူးတင်ဖို့ကောင်းကြောင်း ညီလာခံဆင်းတဲ့အခါ ဝမ်းပန်းတသာပြောကြကုန်၏ ။ 

ထိုဝမ်းမြောက်စရာသတင်းနှင့်တကွ စက်တော်ဆောင်ထဲက ကျွန်ငယ်၏တည်ရှိမှုသည်လဲ ‌‌တစ်ဆင့်စကားတစ်ဆင့်ကြားကာ နန်းမြို့အတွင်း လျင်မြန်စွာပြန့်နှံ့သွားတော့သည် ။ ယခင်က နန်းတော်ထဲ၌သာ ပြောကြသော ပုံပြင်ဖြစ်ပေမယ့် အခုအကြိမ်မှာတော့ သတင်းဖြစ်လေပြီ ။

ဤသို့နှင့် ကျွန်ငယ်နဲ့ဧကရာဇ်မင်း၏ ပတ်သတ်မှုသည် တစ်နေ့တစ်နေ့လုပ်စရာမရှိပျင်းရိနေသော ရေပေါ်ဆီမျိုးရိုးမြင့် မိန်းမပျိုလေးများအတွက် စပ်စုစရာစကားဝိုင်းဖြစ်ကာ ၊ ရည်ရွယ်ချက်ကြီးမားသော မှူးမတ်အရာခံအများစုအတွက် မျက်စိထောင့်ထောက်ကြည့်စရာကိစ္စတစ်ခုဖြစ်သွားခဲ့သည် ။

မည်သို့ပင်ဖြစ်စေ စစ်သုံ့ပန်းတစ်ယောက်အတွက် ကောင်းသော အာရုံစိုက်ခံရမှုတော့မဟုတ်‌ခဲ့... ။

ကြီးမားသွားပြီဖြစ်သော သတင်းတစ်ရပ်မို့ ပါဝင်ပတ်သတ်နေတဲ့ ကာယကံရှင် ဧကရာဇ်ကိုယ်တိုင်က ဘယ်လိုတုံ့ပြန်မလဲ လူတိုင်းသိချင်နေကြသည် ။

‌ကောလဟာလတွေက အမှားဖြစ်နေကာ ကိုယ်တိုင်ပဲ တားစီးဖို့လုပ်မလား ? ဒါမှမဟုတ် ကောလဟာလတွေက အမှန်ဖြစ်နေပြီး အခွင့်သာတုန်း တပါတည်း ကျွန်မလေးကို တရားဝင်ရာထူးတစ်ခုခု ပေးတော့မလား ?  ဘယ်သူမှ တပ်အပ်မပြောနိုင်ကြ ... ။

ရှင်ဘုရင်ရဲ့စိတ်သဘောထားဟာ ကန်ရေပြင်လိုပင် ... ရုတ်တရက်ကြည့်လျှင်  ငြိမ်သက်နေသော်လည်း  ကန်အောက်မှာတော့နက်နဲပြီး ရေ‌မှော်တွေနဲ့ရှုပ်ထွေးကာ အန္တရာယ်များသည် ။

Days of Counting Camellia (Hiatus)Where stories live. Discover now