[28] They call him Ash , the Evil '

3.3K 498 64
                                    

Scroll down ⬇️
Zawgyi version is below

#Unicode

" ရှေ့နားမှာ Woodman အိမ်တော်ကအဖွဲ့တွေ ဝံပုလွေအုပ်နဲ့တွေ့နေကြပြီ ဟေ့ !!! "

" ဘာ ? ငါ Fame အိမ်တော်ဖက်ကို လောင်းထားတာ "

" Woodman တွေက အမဲလိုက်တဲ့နေရာမှာ နာမည်ကြီးတယ်လို့ မကြားဖူးဘူးလားကွ ။ ဒီနေ့ ပထမဆုံးသားကောင်ရမှာ သူတို့ပဲနေမယ် "

အစိမ်းရောင်ရွက်ဖျင် ယာယီတဲစခန်းတစ်ခုအရှေ့ ငြင်းခုန်နေကြသော အုပ်စုမှာ တော်ဝင်အမဲလိုက်ပွဲ၏ စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ပဲဖြစ်သည် ။ အရေးပေါ်အချိန်များ၌ ချက်ချင်းလှုပ်ရှား၍ရအောင် ကင်းတဲများ တောအနှံ့ ချထားကြတာဖြစ်နိုင်သည် ။

ထိုသူတို့မှာ နီညိုရောင်ဝတ်စုံတို့ကို အသီးသီးဝတ်ဆင်ထားကြကာ ၊ ခါးတွင် ဓားရှည်များကို ချိတ်ထား၏ ။ တောကြီးမျက်မည်းထဲ ဘယ်သူမှမမြင်ချိန် ကိုယ်ရေးကိုယ်တာ ရန်ကြွေးဆပ်သူများလဲ ရှိတတ်တာမို့ ...စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ အလုပ်က ' အနည်းငယ် ' အားသုံးရပုံပေါ်သည် ။

Afa တို့နှစ်ဦးမှာ မြင်းကို အနားမှသစ်ပင်၌ချည်ထားပြီး အနှီအုပ်စု၏ အရိပ်အကဲကို ဖမ်းနေရသည် ။

Shadow : " ဒီနားတစ်ဝိုက်ကို တာဝန်ယူတဲ့ အဖွဲ့ပဲ ။ ခဏတော့ စည်း-ထိန်းတွေနဲ့ ထပ်တွေ့မှာမဟုတ်ဘူး ။ အသံမပေးပဲ ပေါ်လာမယ့်ဟာတွေကိုပဲ ကြောက်ရမှာ ... "

ချုံကြားမှ နှစ်ယောက်သားချောင်းမြောင်းနေရင်း တီးတိုးဆိုလာသောစကားကို Afa ခေါင်းညိတ်ထောက်ခံလိုက်သည် ။ ဆိုလိုရင်းက Afa တို့ တောထဲအတော်ရောက်နေပြီ ။ လူမဟုတ်တဲ့အရာတွေနဲ့လဲ မကြာခဏ တွေ့နိုင်ချေများလာပြီ ။

Afa ‌အသက်အောင့်ပြီး လက်သီးကိုကျစ်ကျစ်ဆုပ်ထားလိုက်သည် ။ နောက်ပြန်လှည့်ဖို့ဆိုတာမျိုး အစတည်းက စိတ်ကူးမရှိ ။

ထိုအမူအရာကိုမြင်တဲ့ Afa ၏လျှို့ဝှက်နက်နဲသော မိတ်ဆွေအသစ်ကြီးကတော့ စိတ်အေးစေရန် အားပေးရှာပါ၏ ။

Shadow : " ကျွန်တော်ပြောသလို သေချာလိုက်လုပ်ရင်... မသေဘူး "

အဲ့ဒီတုံးတိစကားပြောပုံက တစ်စုံတစ်ယောက်ကို သတိရစေသည် ။

Days of Counting Camellia (Hiatus)Where stories live. Discover now