[31]' Defenseless in his arms '

3.9K 418 96
                                    

Scroll down ⬇️
Zawgyi version is below.

#Unicode

သူ မမြင်အောင် ကွယ်ရာကနေ လှမ်းပို့‌ခဲ့တဲ့ အနွေးခဲလေးတွေ သူ့ဆီ မရောက်ခင်ပဲ အေးစက်သွား... ပြီးတော့ ကွဲကြေမွ ... ။

သူ မပေါင်းတတ်တဲ့ ' အချစ်မေတ္တာ ' ဆိုတဲ့ ဝေါဟာရကို အကြောင်းပြုပြီး အယူခံဝင်ချင်တယ် ။ သူ မတရားဘူး ... ။ သူ့အနားကပ်ဖို့ ဒီနိမ့်ကျတဲ့ကျွန်ငယ်ဟာ ဘယ်လောက် သတ္တိမွေးလိုက်ရသလဲ သူ မသိလေရော့သလား ... ။

' မထိနဲ့ ' တဲ့ ။
ဒေါသတွေနဲ့ ...အလွယ်ပဲ ပြောလေရဲ့ ။

အငြိုးဓာတ်လွန်ကဲနေတဲ့ အကြည့်နက်နက်ကို ခုခံနိုင်စွမ်းတွေ Afa.မှာ မရှိဘူး ။ အံကိုကြိတ်ပြီး ရင်ဖက်ထဲက ရောဂါကိုဖိနှိပ်ဖို့ပဲ ကြိုးစားမိခဲ့သည် ။

သိပ်ခက်ခဲလှပါသည် ။
သူ ငြင်းလိုက်တာတွေဟာ Afa. ရင်နင့်သည်းခြာထဲက ခံစားချက်တွေကို အရည်ကျို ပုံလောင်းထားသမျှအရာတွေလေ ။

သူ့အလိုကို လိုက်နာပေးလိုက်ဖို့ဆိုတာ လွယ်လွယ်လေးပါပဲ ... Afa ဒီခံစားချက်ကြီးကို သိုဝှက်လိုက်ရုံပဲ ။ ကြိတ်မှိတ်သည်းခံခြင်းဆိုတာက Afa. ကျွမ်းကျင်ရာပဲ‌လေ ။

Afa သူ့အမိန့်အတိုင်း မျက်လုံးကို မှိတ်ထားလိုက်သည် ။ ပြီးနောက် သူ ဘာလုပ်မလဲ နားစွင့်နေလိုက်သည် ။

အဝတ်စချင်း ပွတ်တိုက်သံလိုလို ကြား၏ ။

သူ အဝတ်တွေချွတ်နေတာလား ?

မျက်လုံးမှိတ်လျက် သူ့အ‌ရှေ့အနီးလေးမှာပဲ ထိုင်နေတဲ့ ဤကျွန်ငယ်‌လေး ဘာတွေးတွေး အရေးမထားသကဲ့သို့ပင် ။

နတ်တစ်ပါးနှယ် လှရက်သူဖြစ်ပါလျက် အဝတ်လဲတိုင်း ဗလာကျင်းတဲ့ခန္ဓာကို သူတပါးမြင်မှာ မလိုလားလို့ အကြည့်ဟူသမျှအပေါ် ပဝါလွှားခဲ့သူပင် ။ အသက်ဘေးကို ရှေ့ထားပြီးတောင် သူ သိုဝှက်လိုသတဲ့ ... ။

အရှက်တရားလား ? ဒါမှမဟုတ် ဒီထပ် နက်နဲမယ့် အကြောင်းတရားတွေပဲလား ?
ဒီထပ်ပိုပြီး နက်လျှင် သူအစစ်ကို Afa မြင်နိုင်ပါတော့မလား ။

Ash : " ရပြီ ၊ ပြန်ဖွင့်တော့ "

ခဏတုန်းက ဒေါသသံ‌တွေမဟုတ်တော့ပေ ။ အသံကြည်ကြည်ဟာ တည်ငြိမ်လျက် ... ။

Days of Counting Camellia (Hiatus)Where stories live. Discover now