[27]' Hunt down the Beast '

3.4K 347 54
                                    

Scroll down ⬇️
Zawgyi version is below

#Unicode

" Nicole , Afa. ကို တစ်ခုလောက် ကူညီပေးပါ "

Afa. မျက်နှာပေါ်က ဖုံးမထားနိုင်တဲ့ ပူလောင်မှုများကို Nicole မြင်လိမ့်မည် ။ သူ ခေတ္တမျှတွေဝေသွားကာ လေးနက်စွာ မေးလာသည် ။

Nicole : " ဘယ်လိုကူညီပေးရမှာလဲ ? "

Afa လဲ ‌Nicole အား ပြောပြနိုင်သည့် အရာများကို ပြန်လည်သုံးသပ်မိ၏ ။

Nicole ကို အပြည့်အဝယုံဖို့မဖြစ်နိုင် ။ ဒါ့အပြင် ဤအကြောင်းအရာက ဘယ်သူ့ကိုမှ လက်လွတ်စပယ် ထုတ်ပြောဖို့လွယ်တဲ့အရာမဟုတ် ။ အကယ်၍ Nicole ဟာ လုပ်ကြံသူများနှင့် တစ်ဖက်တည်းမဟုတ်ခဲ့လျှင်တောင်မှ Afa. စကားက ယုံရခက်မှာ အမှန် ။ ယုံခဲ့ရင်လဲ ဒီအကြောင်းကို အခြားသူတွေထံ သွားပြောခဲ့လျှင် ... ။ ဒီအကြောင်းကိုသိတဲ့သူ နည်းနိုင်သမျှနည်းတာ ကောင်းသည် ။

သည်လိုအခြေအနေတွင် Afa ရဲ့ နေရာကနေ လုပ်နိုင်တာ ဘောင်ကျဉ်းသည် ။ Nicole ဟာလဲ မခြားမနားပါပဲ ။ သူက စက်တော်ဆောင်ရဲ့ အစောင့်တပ်မှူးလေးတစ်ယောက်ပဲ မဟုတ်လား ။

" Afa. ကို တော်ဝင်အမဲလိုက်ပွဲအကြောင်း ပြောပြပေးနိုင်မလားလို့ပါ ။ Nicole က Lila ထက် ပိုသိမယ်ထင်လို့ ... "

Afa. စကားကိုကြားတော့ Nicole တစ်ယောက် ဂုဏ်ယူစွာ ပြုံးသွားတော့သည် ။

Nicole : " အမှန်ပဲ ! ဒီလိုဖော်ရွေတဲ့စရိုက်လေးကြောင့် မထင်ရပေမယ့် ငါက Xavia နန်းတော်မှာ အဆင့်သုံးရာထူးရှိတဲ့ တပ်မှူးပါဟ ။ သေချာပေါက် နန်းတွင်းသူတွေထက် ပိုသိတာပေါ့ "

Nicole မှာ ခဏက Afa ၏ မူမမှန်ပုံကို အရေးတယူ မတွေးတော့ပဲ သူသိသမျှ အကြောင်းအရာအလုံးစုံကို ကရားရေတွတ် တသွတ်သွတ် စတင်ဟောကြားပါလေတော့သည် ။ Afa လဲ မိမိ အမှန်တကယ်လိုအပ်သော အချက်အလက်များကို အခွင့်သာရင်သာသလို နှိုက်ချွတ်မေးမြန်းခဲ့သည် ။

Nicole ဆီမှ တိုက်ရိုက် အကူအညီမရနိုင်ပေမယ့် ၊ သတင်းအချက်အလက်တော့ရအောင် ယူရမည် ။ ဒါမှ Afa တောထဲဝင်ပြီးရင် ဘယ်ကိုသွားရမလဲ၊ ဘာလုပ်နိုင်မလဲ ချင့်ချိန်နိုင်မှာ မဟုတ်ပါလား ... ။

Days of Counting Camellia (Hiatus)Where stories live. Discover now