[30]' Embrace in the Snow '

3.2K 335 84
                                    

Scroll down ⬇️
Zawgyi version is below.

#Unicode

အရပ်ရှစ်မျက်နှာလုံးမှာ အဖြူရောင်ချည်း... ။ ဘယ်ဆီကိုကြည့်ကြည့် ဆင်တူရိုးမှား မြင်ကွင်းသာ ။

မြူ‌တွေပိတ်မှိုင်းနေတဲ့ ပတ်ဝန်းကျင်မို့ ‌အရှေ့ကို သေချာမမြင်ရ ။ မြင်းတစ်ကောင်နဲ့ လူတစ်ယောက်မှာ စမ်းတဝါးဝါး ... ။

လေပြေတိုင်းက နှင်းစက်တို့ကို သယ်ဆောင်လာကာ အရည်ပြားပေါ်ယှက်တိုက်သွားလျှင် အသည်းထဲထိစိမ့်သည် ။မြင့်မားမတ်‌စောက်သော တောင်ကြီးနှစ်လုံး၏ကြားမို့ လေဖိအားများသဖြင့် အသက်ရှူသွင်းဖို့ပင် ခက်လှသည် ။ ဒါမှမဟုတ် အအေးထဲ ပိုမိုအခြေအနေဆိုးလာတဲ့ အဆုတ်ကြောင့်ပဲလား ?

Afa အတွက် အခက်အခဲက ထိုတစ်ခုတည်းမဟုတ် ။

တောင်ကြားထဲသို့ စတင်ဝင်လာကတည်းက မြင်းညိုကြီးမှာ မကြာခဏ မူမမှန်စွာ ရုန်းခါနေတာကို သတိထားမိသည် ။ ခွာကို ရေခဲပြင်‌ပေါ်သို့ တဖောက်ဖောက်ပေါက်ကာ ဦးခေါင်းကိုတဆတ်ဆတ်ခါရုန်းသည် ။ ဇာတ်ကြိုးကို ခပ်တင်းတင်း ဆွဲထိန်းသော်လည်း မထူး ။

" အာ့ မဖြစ်ဘူး ! "

ယခုတစ်ခေါက်တွင်တော့ မြင်းကြီး၏ ရုန်းခါအားက ပြင်းသဖြင့် Afa ရဲ့လက်ထဲမှ ဇာတ်ကြိုး လွတ်ထွက်သွားခဲ့သည် ။ ပြန်ဆွဲဖို့ အချိန်မမှီလိုက် ... မြင်းညိုကြီးမှာ ၎င်းအား ထိန်းထားသော ဇာတ်ကြိုးရော့သည်နှင့် ရှေ့ဆက်မသွားတော့ပဲ နောက်လှည့်ပြေးလေတော့သည် ။

ရုတ်တရက် ဖြစ်ပျက်သွားတာမို့ Afa မှာ တစ်စုံတစ်ခုကို မဆွဲထားလိုက်ရ ... မြင်းကုံးနှီးပေါ်မှ လျှောကျကာ ၊ ဆောင့်ပြေးထွက်တဲ့ မြင်းကြောင့် Afa ရဲ့ ခန္ဓာကိုယ်သေးသေးလေးမှာ လေထဲလွင့်စင်ထွက်သွား၏။ ရင်ဖက်ထဲ ဟာခနဲ ... ။ ထို့နောက် နှင်းခဲတွေပေါ်သို့ ကျသွား၏ ။

မျက်နှာမှာ ဆီးနှင်းတွေနဲ့ ထိတ်တိုက်တိုးကာ ခေါင်းတစ်ခုလုံး အီဆောင့်သွားသည် ။ သို့သော် နာကျင်မှုကို အရေးမထားနေနိုင် ... ထွက်ပြေးသွားသော မြင်းကို သတိရကာ အမြန်ထထိုင်လိုက်မိသည် ။

မြင်းညိုကြီးမှာ အစအနတောင် မတွေ့ရတော့ပေ ။ Afa တစ်ယောက် အဖြစ်ဆိုးခဲ့သော်လည်း ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လျက် ... အသံမဲ့သော နှင်းဖြူများသာရှိသည် ။

Days of Counting Camellia (Hiatus)Where stories live. Discover now