[7] Honey Lips

7.4K 629 46
                                    

Check Zawgyi version below ⬇️

#Unicode

အတိတ်တွေဆီပြန်သွားလို့ရရင် သူဖြတ်တောက်ပစ်မယ့် တစ်ခုတည်းသော ကြိုးဟာ သူမပဲဖြစ်မည် ။
တိုတောင်းတဲ့အခိုက်တန့်လေးအတွင်းမှာ သူ့ရဲ့ အနုနယ်ဆုံးအင်္ဂါအစိတ်အပိုင်းတစ်ခုလုံးကို သေးမျှင်တဲ့ကြိုးငယ်သည် ရစ်ပတ်တုပ်နှောင်ခဲ့သည် ။
မလိုလားခဲ့တာမို့ ဒဏ်ရာတွေကိုဖာထေးပေးခဲ့တဲ့ အပ်ချဉ်ကြိုးလေးဟာလဲ သူ့အတွက်သံစူးကြိုးတွေပမာ ။
အချိန်ကြာမြင့်‌လာသည်နှင့်အမျှ စူးစူးနင့်နင့် နာကျင်မှုတွေသာ ပေးစွမ်းခဲ့သည် ။
အခုတော့ နဂိုအနာတရတွေထက် သူ့ကို ဒုက္ခပေးနေခဲ့ပြီ ။

အဲဒီနေ့က နှင်းမှုန်လေးများသည် ညှင်သာခဲ့ကြသည် ။
ဖယောင်းပန်းပင်တွေသည် တိတ်တဆိတ်ငိုကြွေးနေကြသည့်ပမာ မြေပြင်ပေါ်သို့ ပန်းပွင့်နီလေးများ တိုးညှင်းစွာကြွေကျသည် ။
ရဲမက်နှစ်‌ယောက်ရဲ့လက်ထဲ တရွတ်တိုက်ပါလာခဲ့တဲ့ ပျော့တွဲနေသောခန္ဓာကိုယ်လေးသည် လှုပ်ရှားခြင်းမရှိတော့ ။
လက်မောင်းနှစ်ဖက်မှအကြမ်းပတမ်း ဆွဲလာတာကြောင့် သူမရဲ့ခြေထောက်နှစ်ချောင်းသည် ‌လာရာလမ်းတလျောက် နှင်းများပေါ်မှာ တရွတ်တိုက်ဆွဲရာနှစ်ကြောင်းချန်ရစ်ခဲ့၏ ။
ရွှေညိုရောင်ဆံနွယ်လှိုင်းပွပွလေးများရှိသော ဦးခေါင်းငယ်သည် ငိုက်စိုက်ကျလျက် ။
တုန်ယင်နေသော သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပူထူနေခဲ့သည် ။
အံကြိတ်ကာ လက်သီးတွေကို ကျစ်ကျစ်ဆုပ်ထားရင်း အမြင်အာရုံကိုငြင်းဆိုနေမိသည် ။
သူမြင်တာတွေ အမှန်မဟုတ် . . . ။

သူ့ကို နတ်ဘုရားတွေသည် မျက်နှာသာမပေး ။
သူ တက်တက်စင်အောင်မှားသည် ။

" အရှင် , အပြစ်သားမှာ အသက်ငွေ့ငွေ့ပဲကျန်ပါတော့တယ် နောက်ထပ်နာရီပိုင်းဆိုရင် . . . . . "

ရဲမက်ခေါင်း‌‌ဆောင်သည် သူ၏ရှေ့မှောက် ဒူးထောက်ကာ သတင်းပို့သည် ။
သူ့နားထဲ ဘာကိုမှမကြားတော့ ။
ငိုကြွေးသံလိုလို လေတိုးသံတွေသာ တအူအူ . . . ။
ရဲမက်ငယ်နှစ်ယောက်သည် သူမ၏ခန္ဓာကိုယ်ကို သူ့ရဲ့မျက်စိရှေ့ချပေးကာ အမိန့်ကိုစောင့်နေလေ၏ ။

Days of Counting Camellia (Hiatus)Where stories live. Discover now