[2] Little Thief

9K 477 14
                                    

Scroll down ⬇️
Zawgyi version is below .

#Unicode

အအေးဒဏ်ကြောင့် ထုံကျဉ်ကိုက်ခဲလာသော လက်ချောင်းလေးများကို ဆုပ်ကွေးကာ အာငွေ့ပေးလိုက်သည် ။

လက်ချောင်းထိတ်တို့သည် နှင်းကိုက်သဖြင့် အက်ကွဲရာဗလပွနှင့် သွေးအလိမ်းလိမ်း... ။ အက်ရာများမှ သွေးများထွက်လာသော်လည်း ဆောင်းလေအေးကြောင့် အရည်ကနေ အခဲအဖြစ် ပြောင်းကာ လက်ထိပ်တွေမှာ ‌ခြောက်ခဲကပ်ကျန်နေ၏ ။ လွန်စွာနာကျင်နေမည်ဖြစ်သော်လည်း ကာယကံရှင်မှာမူ အမှုမထား... ။

သူမ ပုံမှန်ပြုနေကြအလုပ်တစ်ခုလို မြေပြင်ပေါ်မှ ဖယောင်းပန်းကြွေလေးတစ်ပွင့်ကို အသာကောက်ယူလိုက်သည် ။ ပြီးနောက် နှင်းတို့ဖြင့် စိုနစ်နေပြီဖြစ်သော ဂါဝန်စုတ်လေးထဲထည့်သည် ။ ထို့နောက် တစ်နေရာသို့ရွေ့ပြန်ကာ ပန်းကြွေတွေကိုထပ်မံကောက်သည် ။ ထည့်သည် ။

တစ်နေရာ၌ ကောက်လို့ကုန်လျှင် ဂါဝန်စထဲစုထည့်ထားသော ပန်းကြွေတွေကို တစ်နေရာမှာသွားပုံထားသည် ။ သူမသည် ထိုအလုပ်ကို မရပ်မနားပဲ ကြိမ်ဖန်များစွာပြုလုပ်သည် ။

" ဒီနေ့ရော သူ အကုန်ရေတွက်လို့ပြီးမယ်ထင်သလား ? "

" မပြောတတ်ဘူး ပြီးသွားနိုင်တယ် ။
အခုပဲကြည့်လေ သူကောက်ထားတာ နန်းတော်ရှေ့က ဖယောင်းပန်းပင်တွေကုန်လုနီးပဲ "

ဖယောင်းပန်းကြွေတွေကို ကောက်ကာ ရေတွက်နေသော စစ်သုံ့ပန်းကျွန်မလေးသည် နန်းတော်ရှိ အစေခံများအတွက် စိတ်ဝင်စားစရာဖြစ်သည် ။ တစ်နေ့တစ်နေ့ သူမ ဖယောင်းပန်းတွေကို ရေတွက်ပြီးသလား ၊ မပြီးသလားကိစ္စသည် နန်းတော်ထဲကလူတိုင်း သိချင်သော သတင်းတစ်ရပ်ပင် ။

သူမရေတွက်ပြီးလျှင် တစ်နေ့တာအတွက် ဂျုံပြုတ်တစ်ခွက်ရမည်ဖြစ်ပြီး ၊ မပြီးလျှင် တစ်နေ့လုံး စားစရာမရပေ ။ ဖယောင်းပန်းကြွေတို့ကို ‌ကောက်ယူရေတွက်ကာ ဧကရာဇ်ထံ သတင်းပို့ရမည်ဖြစ်သော်လည်း တစ်လနီးပါးကြာမြင့်ခဲ့ပေမယ့် ကျွန်ငယ်သည် တစ်နေ့မှမပြီးမြောက်ခဲ့ပေ ။

အသည်းချမ်းအောင် အေးသော မရဏဆောင်းတွင် ကျယ်ဝန်းသော Xavia နန်းတော်ကြီးတဝှမ်း ရှိသမျှ ဖယောင်းပန်းပင်များကို ရှာဖွေကာ ကောက်ရသည်ကခက်ခဲလှပေသည် ။ ဒါ့အပြင် အနှောက်အယှက်များကလဲ ရှိသေးတယ် မဟုတ်ပါလား ။

Days of Counting Camellia (Hiatus)Where stories live. Discover now