[35]' Love can be harmful '

4.1K 419 74
                                    

Scroll down ⬇️
Zawgyi version is below.

#Unicode

လမ်းတစ်‌လျောက်လုံး တစ်ယောက်သောသူ၏ ရင်ခွင်မီးဖိုလေးထဲ ခိုလှုံခဲ့ရပေမယ့် Xavia မြေရဲ့သဘာဝတရားကြီးက‌တော့ သေးငယ်သော လူသားအား ညှာတာဖို့ စိတ်ကူးမရှိပေ ။

လေကိုခွင်း၍ ပြေးလွှားနေသော မြင်းနက်ကြီး၏ အရှိန်အဟုန်က မျှားတစ်ဆင်းပမာ .... မြူငွေ့များအား သယ်ဆောင်လာသော လေနတ်မင်းနှင့် ထိတ်တိုက်တွေ့သည် ။ ကဗျာဆန်သော တိုက်ပွဲကြား အရုပ်ကလေးဟာ ကျိုးကျိုးကျေကျေ ... ။

သို့သော်လည်း နှင်းပွင့်များကို မမုန်းရက်ပါ ။ သူတို့တတွေမရှိရင် အစိမ်းရောင်တွေ ရှင်သန်ဖို့ခက်မှာ ... ။

ဖြစ်တည်မှုတိုင်းမှာ အဓိပ္ပါယ်ပါတာ Afa လက်ခံသွားပြီလေ ။

တစ်ကိုယ်လုံး စိုရွှဲ အေးစက်လျက် ... Afa ရဲ့ တစ်ခုတည်းသော အကာအကွယ်ဖြစ်တဲ့ ရင်ခွင်ကျယ်ထဲ တိုးနိုင်သမျှတိုးဝင်ကာ နေလိုက်၏ ။

Ash : " ရသေးလား ? ခဏတော့ တောင့်ခံထား "

မြင်းကို အပြင်းနှင်‌နေရင်းကြားမှ Afa. ခါးသိမ်လေးကို လက်တစ်ဖက်ဖြင့် ဖက်ထားကာ သူ အကြိမ်ကြိမ်ဆိုသည် ။ ဂါထာမန္တရားတစ်ခုလို ... သူ့ စကားတွေက မှော်ဆန်စွာ စွမ်းအားတွေပေးသနားခဲ့သည် ။

Afa တစ်ခါမှ မိမိကိုယ်ကို ဤမျှသန်မာနိုင်လိမ့်မည်ဟု မထင်ထားခဲ့ ။ Laplace ‌တောင်တန်းများဆီသို့ ခရီးတစ်ထောက်ဟာ Afa ကို ရင့်ကျက်စေခဲ့ပြီ ထင်ပါသည် ။

Raven ပြည်မှာသာဆိုရင် ဒီအချိန် Afa ဘာလုပ်နေမလဲ ? ဘယ်လိုလူဖြစ်နေမလဲ ?

အခြားသူတွေရဲ့ ပရောဂမပါပဲ ကိုယ်တိုင် အခုလိုရဲတင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်ပါ့မလား ?

Raven နန်းတော်ထဲမှာ နေခဲ့စဉ်က Afa ဟာ သည်လောက် အရေးမပါခဲ့တာသေချာသည် ။ သိမ်နုပ်တဲ့ ဖုန်စတစ်မှုန်ပမာ အာရုံစိုက်မှုတွေရဲ့ကွယ်ရာ ချောင်ထဲမှာပဲ အမြဲပုန်းနေခဲ့ပြီး ၊ မျက်လုံးနှစ်လုံးပွင့်တဲ့အချိန်မှ မျက်လုံးနှစ်လုံး မှိတ်တဲ့အချိန်အထိ ကိုယ့်ဘဝကို မေးခွန်းထုတ်နေခဲ့သည် ။

Days of Counting Camellia (Hiatus)Where stories live. Discover now