[24]Real Sex-slave(18+)

14.9K 507 160
                                    

Check Zawgyi version below ⬇️

#Unicode

" Afa.ကို စွန့် ... စွန့်ပစ်တော့မယ်ဆိုရင်လဲ ...အရှင့်လက်နဲ့ အရင်ဖျက်စီးလိုက်ပါ ။ ဒီနိမ့်ကျတဲ့ကျွန်ရဲ့ နောက်ဆုံးဆုတောင်းပါ ... "

မပွင့်တပွင့် အတင့်ရဲစွာ တောင်းဆိုလိုက်သောအခါ အရှင်သခင်၏မျက်နှာသည် ချက်ချင်းတည်သွားတော့သည် ။ ထို့နောက် နှုတ်ခမ်းပါးများတွန့်ရုံ ခပ်ရေးရေးပြုံးသွား၏ ။ အသက်မဲ့မျက်ဝန်းနက်တို့နှင့် လိုက်ဖက်လှပါသော မဲ့ပြုံးများ ... ။

Afa မှာ တစ်ကိုယ်လုံး တုန်ယင်နေကာ သူဘာဆက်လုပ်မလဲသာ ‌စောင့်ဆိုင်းနေမိတော့သည် ။

Ash : " အတင့်ရဲလိုက်တဲ့ ကျွန် , မင်း‌ အခုပြောလိုက်တဲ့ စကားအလေးအချိန်ကို နားလည်ရဲ့လား ? "

Afa. မျက်လုံးတွေထဲ ငေးစိုက်ကြည့်ရင်း သူ မာထန်စွာမေးလေသည် ။

Afa ဖြေးညှင်းစွာ ခေါင်းညိတ်ပြလိုက်၏ ။

အလေးချိန်တဲ့ ... ။ အဲ့ဒီစကားလုံးအပေါ် Afa ရယ်ပစ်လိုက်ချင်မိသည် ။

Afa ဆိုလိုတဲ့ အဓိပ္ပါယ်ကို သူသိပါတယ် ။ Afa ဟာ တန်ဖိုးမရှိလွန်းလို့ ရောင်းစားဖို့တောင် သူ ဈေးဗန်းခင်းပြခဲ့သေးတာပဲ ။ ဒါကို ဘာကြောင့် တန်ဖိုးမဲ့တဲ့ Afa ရဲ့စကားမှာ တစ်စုံတစ်ရာအလေးချိန်ရှိမယ်လို့ သူထင်နေတာလဲ ?

လူကိုယ်တိုင်ကလဲ တန်ဖိုးမရှိသလို ၊ ပြောတဲ့စကားတွေကလဲ တန်ဖိုးမရှိတာမို့ သူ့ အလိုကိုပဲပြောပါ အရှင်သခင်ရယ် ... ။ Afa. အလိုက အရေးမပါတာမို့ ... ။

သူ့ရဲ့ ‌အဖြေကိုနားစွင့်နေသော Afa. အား သူ အေးစက်စွာ စူးစိုက်ကြည့်နေလေသည် ။ Afa. ကို သူ ဘယ်တော့မှမသိခဲ့သလို ... စိမ်းကားလျက် ။

Ash : " ဖျက်စီးပစ်ရမယ် ဟုတ်သလား ? ဒါ ကိုယ်တော် သိပ်ကျွမ်းကျင်တဲ့ အလုပ်ပဲ "

ထိုသို့ဆိုကာ Afa.ခါးပေါ်မှ လက်ကိုရုတ်သွား၏ ။

Ash : " ထ "

အသံက ခပ်မာမာ ... ။
အမိန့်တော်အတိုင်း Afa ထရပ်လိုက်၏ ။ ထိုအခါ သူ့ရဲ့ပေါင်ကြား တည့်တည့် ရပ်လျက်ဖြစ်သွားလေသည် ။

Days of Counting Camellia (Hiatus)Where stories live. Discover now