[24]' Kissing A Rose🌹 '

8.1K 456 97
                                    

Zawgyi version is below ⬇️

#Unicode

သူ့ နှလုံးသားကို Afa အစိုးမရ ။
သူဟာ မြင့်မားတဲ့ တည်ရှိမှုတစ်ခုပဲ ။ သူ့ရဲ့အကြင်နာတွေဆီ လက်လှမ်းမှီဖို့ ခြေဖြားထောက်လှမ်းခဲ့တာတောင် အလေးမထားမှုကိုပဲ ရခဲ့တာလေ ... ။ အမုန်းထက်တော့ သာတယ်ပေါ့ ။

တပါးသူရဲ့လက်နဲ့ မပျက်စီးချင်ဘူး တဲ့ ... ? ဆင်ခြေတွေ ... ။ ရင်ထဲမှ မျှော်လင့်ခဲ့တာက သူပေးသနားလာမယ့် သနားညှာတာမှုများ၊ ကြင်နာမှုများ ။ ဒါမှမဟုတ် ဒီထပ်ပိုတာ‌တွေလား ?

Afa လဲ ကိုယ့်ကိုယ်ကို လိမ်ညာတတ်ပြီ ထင်ပါတယ် ... ။

Afa. အား ငုံ့မိုးကြည့်ကာ မျက်ရည်စက်တို့ကို ဖိသုတ်ပေးနေ‌တဲ့ သူ့အား ပြန်လည်ငေးမောနေရင်း အတွင်းစိတ်မှာ လောဘကြီးမိပြီ ။

Afa ဟာ လူလိမ်တစ်ယောက်ဆိုတာ အမှန်ပဲမို့ ... မျက်ရည်တွေကို သုတ်ပေးပြီးရင် အနမ်းလေးများ သူ ထပ်မံပေးသနားလေမလား ?

" အရှင် ! ဘာ ... ဘာလို့ ဒီလို... "

... နမ်းရတာလဲ ?

Afa မှာ နမ်းရှိုက်ခံလိုက်ရသော နှုတ်ခမ်းလွှာလေးကို လက်ချောင်းထိတ်ဖြင့် မဝင့်မရဲတို့ထိရင်း ထေ့ထေ့ငေါ့ငေါ့ သူ့ဆီက အဖြေတစ်ခုတောင်းခံဖို့ ကြိုးစားလိုက်မိ၏ ။ သူ Afa. မေးခွန်းကို မကြားလိုက်သယောင် ...

Ash : " ဒါကို သေချာခြုံထား ... အဝတ်တလှစ်နဲ့ လျှောက်သွားမလို့လား "

သူ့ရဲ့ အဖြူရောင် သားမွှေးဝတ်ရုံရှည်ကြီးကို Afa. ခန္ဓာကိုယ်ထပ်ခြုံပေးကာ လစ်ဟာနေသော ရင်ဖက်ပေါ်က အနာတရတို့ကို ဖုံးကာစေသည် ။ တစ်ကိုယ်လုံး ခေါင်းမှခြေအဆုံး ဝတ်ရုံကြီးထဲ မြုပ်နစ်သွား၏ ။

Afa ကတော့ သူ့မျက်နှာကိုသာ မျှော်ငေးနေစဲ ... ။

တည်ငြိမ်သောအသံရှင်ဟာ မိန်းမပျိုလေးရဲ့ ပထမဦးဆုံးအနမ်းတစ်ပွင့်ကို မလုယူခဲ့သလို ... ဖြူစင်သောပဝါလေးအပေါ် စုတ်ချက်မတင်ခဲ့သလို ... သူစခဲ့တာကို သူ အဆုံးမသတ် ၊ သူ Afa ရဲ့ ရင်ခုန်သံတွေကို တာဝန်မယူပဲ ဖာသိဖာသာနေလေသည် ။ ချောမောလှပတဲ့ မျက်နှာထပ်မှာ ဘာအဓိပ္ပါယ်မှမရှိ ။

Days of Counting Camellia (Hiatus)Where stories live. Discover now